
အာဆင်နယ်နဲ့ပွဲကို မျှမျှတတ ကစားခွင့်မရခဲ့ကြောင်း မန်စီးတီးကစားသမား ဘာနာဒိုဆေးလ်ဗားက ပြောပါတယ်။
အခုနှစ်ရာသီရဲ့ အရေးပါဆုံးပွဲစဉ်တပွဲကို အနားယူချိန်နဲ့ ပတ်သက်လို့ မျှမျှတတ ကစားခွင့်မရခဲ့ဘဲ အခွင့်မသာတဲ့ အခြေအနေနဲ့ ကစားခဲ့ရကြောင်း ဘာနာဒိုဆေးလ်ဗားက ပြောပါတယ်။
အာဆင်နယ်အသင်းက ၅ ရက် အနားရချိန်မှာ မိမိတို့အသင်းက ၂ ရက်ခွဲလောက်ပဲ ရခဲ့တာက မျှတမှု မရှိဘဲ ဒီလိုအရေးပါတဲ့ပွဲစဉ်မှာ ဒီလိုအခြေအနေမျိုး မဖြစ်သင့်ကြောင်း ဆေးလ်ဗားက ပြောပါတယ်။
မိမိတို့အနေနဲ့ ပွဲစဉ်တပွဲကို ၃-၄ ရက်ခြားပြီး ကစားရတာကို စောဒက မတက်လိုပေမဲ့ အရေးပါတဲ့ ပွဲစဉ်တွေမှာတော့ နှစ်သင်းစလုံးကို မျှမျှတတ နားချိန်ပေးသင့်ကြောင်း ဆေးလ်ဗားက ပြောပါတယ်။
အာဆင်နယ်နဲ့ပွဲမှာ စီးတီးက ဟာလန်းရဲ့ ဦးဆောင်ဂိုးနဲ့ မိနစ် ၉၀ ပြည့်တဲ့အထိ အနိုင်ရနေပေမဲ့ ၉၃ မိနစ်မှာ မာတင်နယ်လီက ဂိုးသွင်းသွားတာကြောင့် တဂိုးစီ သရေရလဒ်နဲ့သာ ကျေနပ်ခဲ့ရတာ ဖြစ်ပါတယ်။