
လူစားဝင်ကစားပြီး ဂိုးတွေသွင်းနေပေမဲ့ အရန်ခုံမှာ မထိုင်ချင်ကြောင်း မာတင်နယ်လီက ပြောသွားပါတယ်။
မာတင်နယ်လီဟာ မန်စီးတီးနဲ့ ပရီးမီးယားလိဂ်ပွဲစဉ်မှာ လူစားဝင်ပြီး ချေပဂိုးသွင်းခဲ့သလို ဘီလ်ဘာအိုနဲ့ ချန်ပီယံလိဂ်ပွဲစဉ်မှာလည်း လူစားဝင်ကစားပြီး အနိုင်ဂိုးတဂိုးနဲ့ ဂိုးဖန်တီးမှုတကြိမ် လုပ်ဆောင်နိုင်ခဲ့တာပါ။
ချေပဂိုးသွင်းခဲ့လို့ ပျော်ရွှင်မိပေမဲ့ အနိုင်ရချင်ခဲ့တာဖြစ်ကြောင်း၊ ပွဲထွက်လူစာရင်းကို နည်းပြက ရွေးချယ်တာဖြစ်ပြီး အသင်းကို ကူညီပေးနိုင်ဖို့ အကောင်းဆုံးကြိုးစားခဲ့ကြောင်း မာတင်နယ်လီက ပြောပါတယ်။
မိမိအနေနဲ့ အရန်ခုံမှာမထိုင်ချင်ဘဲ ပွဲတိုင်းကို မိနစ် ၉၀ ပြည့် ကစားချင်ပေမဲ့ နည်းပြ အာတေတာအပေါ် ကစားသမားတိုင်းက ယုံကြည်မှုရှိပြီး နည်းပြအာတေတာနဲ့ ပတ်သက်လို့ ပျော်ရွှင်ကျေနပ်ကြောင်းလည်း မာတင်နယ်လီက ပြောသွားပါတယ်။




