Home
အားကစား
ချန်ပီယံလိဂ်မရဖူးတာကို အခွင့်အရေးတခုအဖြစ် ရှုမြင်ဟု အာဆင်နယ်နည်းပြ ပြော
DVB
·
September 17, 2025
Photo: Action Images via Reuters/John Sibley

ဥရောပချန်ပီယံလိဂ်ဆုဖလား မရဖူးတာကို အခွင့်အရေးတခုအဖြစ် ရှုမြင်ကြောင်း အာဆင်နယ် နည်းပြ မီခေးလ်အာတေတာက ပြောသွားပါတယ်။

မနေ့ညက ယှဉ်ပြိုင်သွားတဲ့ ချန်ပီယံလိဂ် အဖွင့်ပွဲစဉ် အဝေးကွင်းမှာ အာဆင်နယ်က ဘီလ်ဘာအိုကို ၂ ဂိုး ဂိုးမရှိနဲ့ အနိုင်ရခဲ့တာပါ။

အာဆင်နယ်ဟာ ၂၀၀၆ ခုနှစ်က ချန်ပီယံလိဂ်ဗိုလ်လုပွဲ တက်ရောက်ခဲ့တာက အမြင့်ဆုံး အောင်မြင်မှုဖြစ်ပြီး ဆုဖလား တကြိမ်တခါမှ မရဖူးသေးတာပါ။

ဘီလ်ဘာအိုနဲ့ ကစားမယ့် ချန်ပီယံလိဂ်ပွဲဦးထွက်ပွဲစဉ်မတိုင်ခင် သတင်းစာရှင်းလင်းပွဲမှာ ချန်ပီယံလိဂ်ဆုဖလား မရဖူးသေးတဲ့အပေါ် သတင်းထောက်တယောက်က မေးမြန်းရာမှာ နည်းပြ အာတေတာက ပြန်လည်ဖြေကြားခဲ့တာပါ။

ချန်ပီယံလိဂ်ဖလား မရဖူးသေးတာက အသင်းရဲ့ ရှည်လျားလှတဲ့သမိုင်းဟာ ဘယ်လောက်အထိ ခက်ခဲခဲ့သလဲဆိုတာကို ပြသရာရောက်ပြီး ဆုဖလားရယူဖို့ အခွင့်အရေးတခုအဖြစ်ပဲ ရှုမြင်ကြောင်း နည်းပြအာတေတာက ပြောပါတယ်။

တခြားအသင်းတွေအနေနဲ့ ဆုဖလားတွေ ၇ ကြိမ်၊ ၈ ကြိမ်ကနေ ၉ ကြိမ်လောက်အထိ ရရှိထားပေမဲ့ ချန်ပီယံလိဂ်ပြိုင်ပွဲမှာ ကျရှုံးတဲ့ အကြိမ်အရေအတွက်က အောင်မြင်မှုထက် ပိုများကြောင်း၊ အာဆင်နယ်အနေနဲ့ ချန်ပီယံလိဂ်ဖလား မရဖူးသေးတဲ့ သမိုင်းကြောင်းကို ပြောင်းလဲသွားချင်ကြောင်း နည်းပြ အာတေတာက ပြောသွားပါတယ်။

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013