
ဆာကာနဲ့ ဆာလီဘာတို့ကို စာချုပ်သက်တမ်းတိုးဖို့ကိစ္စ စိုးရိမ်စရာမရှိကြောင်း အာဆင်နယ်နည်းပြ အာတေတာက ပြောသွားပါတယ်။
အသက် ၂၄ နှစ်ရှိ ကစားသမား ၂ ယောက်ဟာ ၂၀၂၇ ခုနှစ်မှာ စာချုပ်သက်တမ်းကုန်ဆုံးမှာဖြစ်ပြီး အာဆင်နယ်ဘက်က နှစ်ရှည်စာချုပ်တွေနဲ့ ကမ်းလှမ်းဖို့ စီစဉ်ထားပေမဲ့ လက်ရှိအချိန်မှာ အထမမြောက်သေးတာပါ။
နည်းပြအာတေတာကတော့ ကစားသမား ၂ ယောက်စလုံးက အသင်းမှာ ဆက်ကစားချင်သူတွေဖြစ်ပြီး အသင်းရဲ့သမိုင်းမှာ ကြီးမားတဲ့အခန်းကဏ္ဍကနေ ပါဝင်လိုသူတွေလည်း ဖြစ်နေတာက ကောင်းမွန်တဲ့အချက်လို့ နည်းပြအာတေတာက ပြောပါတယ်။
သူတို့ ၂ ယောက်ကို စာချုပ်သက်တမ်းတိုးဖို အားကစားဒါရိုက်တာ အန်ဒရီယာဘာတာက လုပ်ဆောင်နေပြီး မကြာခင်မှာ သတင်းကောင်းကြားရမှာဖြစ်ကြောင်း နည်းပြကပြောပါတယ်။
လက်ရှိအချိန်မှာ ဆာကာက တံကောက်ကြောဒဏ်ရာကြောင့် အနားယူနေရသလို နောက်ခံလူ ဆာလီဘာဟာလည်း ဒူးဒဏ်ရာကြောင့် အနားယူနေရပါတယ်။
Photo: Reuters