
အာဆင်နယ်နည်းပြဘဝတလျှောက်မှာ အခုနှစ်ဘောလုံးရာသီအတွက် လူစာရင်းက အကောင်းဆုံး ဖြစ်ကြောင်း နည်းပြအာတေတာက ပြောသွားပါတယ်။
အာဆင်နယ်ဟာ ခရစ္စတယ်ပဲလေ့ တိုက်စစ်ကစားသမား အက်ဇေးကို ပေါင်သန်း ၆၀ ကျော်နဲ့ ခေါ်ယူဖို့ သဘောတူညီမှု ရရှိခဲ့ပြီးနောက် အပြောင်းအရွှေ့အတွက် အသုံးစရိတ် ပေါင်သန်း ၂၅၀ ခန့် ရှိသွားတာပါ။
နည်းပြအာတေတာဟာ ၂၀၁၉ ခုနှစ်က အာဆင်နယ်ကို စတာဝန်ယူခဲ့တာပါ။ အာဆင်နယ်နည်းပြဘဝ သက်တမ်းတလျှောက် အကောင်းဆုံးလူစာရင်းလားဆိုတဲ့ သတင်းထောက်ရဲ့ မေးခွန်းအပေါ် နည်းပြအာတေတာက လက်ခံသဘောတူခဲ့ပြီး အရေအတွက်နဲ့ အရည်အချင်းအရ အကောင်းဆုံးလူစာရင်းဖြစ်ကြောင်း နည်းပြအာတေတာက ဖြေကြားခဲ့တာ ဖြစ်ပါတယ်။