
အိုဒီဂတ်ကို အသင်းခေါင်းဆောင်ရာထူးကနေ ဖယ်ရှားဖို့ တိုက်တွန်းချက်ကို အာဆင်နယ်နည်းပြ အာတေတာက ပြန်လည်တုံ့ပြန်သွားပါတယ်။
အိုင်ယာလန်နိုင်ငံမှာ လုပ်တဲ့ပွဲအခမ်းအနားတခုမှာ အာဆင်နယ်အသင်းဂန္ထဝင်နောက်ခံလူ တိုနီအဒမ်က အိုဒီဂတ်ကို အသင်းခေါင်းဆောင်ရာထူးကနေ ဖယ်ရှားပြီး ဒက်ကလန်ရိုက်စ်ကို ပေးအပ်ဖို့ တိုက်တွန်း ပြောဆိုခဲ့တာပါ။
တရာသီအတွင်းပွဲစဉ်အားလုံး ကစားနိုင်စွမ်းရှိသူနဲ့ ချန်ပီယံဆုဖလားရတဲ့အသင်းကို အုတ်မြစ်ချဖို့ တွန်းအားပေးနိုင်သူကို အသင်းခေါင်းဆောင်ပေးသင့်ပြီး အိုဒီဂတ်က အဲဒီလို လုပ်ဆောင်နိုင်သူ မဟုတ်ဘဲ ဒက်ကလန်ရိုက်ကသာ လုပ်ဆောင်နိုင်သူဖြစ်တိုနီအဒမ်က ပြောခဲ့တာပါ။
နည်းပြအာတေတာကတော့ အသင်းခေါင်းဆောင် ရာထူးကို မိမိပေးအပ်တာမဟုတ်ဘဲ ဝန်ထမ်းတွေ နဲ့ ကစားသမားတွေက မဲပေးရွေးချယ်ထားတာဖြစ်ကြောင်း၊ ရာသီသစ်အတွက် အသင်းခေါင်းဆောင် တာဝန်အတွက် မဲပေးမှုမှာလည်း မာတင်အိုဒီဂတ်ကိုပဲ အားလုံးက မဲပေး ရွေးချယ်ခဲ့ကြောင်း နည်းပြအာတေတာက ပြောပါတယ်။
Photo:Reuters