
တိုက်စစ်မှူးသစ် ဗစ်တာယိုကရက်ရှ်အနေနဲ့ အသင်းနဲ့ ပူးပေါင်းလေ့ကျင့်ချိန် များလာရင် သူ့ရဲ့ အကောင်းဆုံးခြေစွမ်းကို မြင်တွေ့ရမှာဖြစ်ကြောင်း နည်းပြအာတေတာက ပြောသွားပါတယ်။
ဆွီဒင်တိုက်စစ်မှူးဟာ ဗီလာရီးရဲလ်နဲ့ ကစားခဲ့တဲ့ ခြေစမ်းပွဲမှာ ပထမဦးဆုံးအကြိမ် ပွဲထွက် ၁၁ ယောက်စာရင်းမှာ ပါဝင်ကစားခဲ့တာပါ။
ယိုကရက်စ်ဟာ ပွဲချိန် ၆၃ မိနစ်မှာ လူစားလဲခံခဲ့ရပြီး ပွဲဦးထွက်ပွဲစဉ်မှာ ဂိုးရနိုင်မယ့် အခွင့်အရေး ရရှိခဲ့ပေမဲ့ ဗီလာရီးရဲလ်ဂိုးသမား ကာကွယ်နိုင်ခဲ့တာကြောင့် ဂိုးမရခဲ့တာပါ။
ယိုကရက်စ်ဟာ အသင်းနဲ့ ပူးပေါင်းလေ့ကျင့်ချိန် တပတ်ပဲရှိသေးတာကြောင့် အသင်းနဲ့အတူ အသားကျဖို့ လေ့ကျင့်ချိန် လိုအပ်နေဆဲဖြစ်ပြီး အချိန်ကြာလာတာနဲ့အမျှ အကောင်းဆုံး စွမ်းဆောင်ရည် ထုတ်ပြနိုင်လိမ့်မယ်လို့ နည်းပြအာတေတာက ပြောပါတယ်။
ဒါ့အပြင် အသင်းဆီ မပြောင်းရွှေ့ခင်မှာ လေ့ကျင့်မှုမရှိတာ ၂ လလောက်ကြာခဲ့လို့ ကြံ့ခိုင်မှုအပိုင်းမှာ အကောင်းဆုံးဖြစ်လာဖို့လည်း အချိန်ယူသွားရမယ်လို့ ဆိုပါတယ်။