
ဟောင်ကောင်မှာ ရာသီကြိုခြေစမ်းပွဲကစားမယ့် အာဆင်နယ်နဲ့ မြောက်လန်ဒန်ဒါဘီပွဲစဉ်ဟာ ခြေစမ်းပွဲ တပွဲထက်ပိုကြောင်း စပါးနည်းပြ သောမက်စ်ဖရန့်ခ်က ပြောသွားပါတယ်။
ဇူလိုင် ၃၁ ရက် ညနေ ၆ နာရီမှာကစားမယ့် ဒီပွဲစဉ်ဟာ အာဆင်နယ်နဲ့ စပါးတို့အတွက် ဗြိတိန်ပြင်ပမှာ ပထမဆုံး အကြိမ်ယှဉ်ပြိုင် ကစားမယ့်ပွဲ ဖြစ်လာမှာပါ။
အာဆင်နယ်ဟာ ကမ္ဘာ့အကောင်းဆုံးအသင်းတသင်းဖြစ်လာတယ်ဆိုတာ ရိုးရိုးသားသား ဝန်ခံရမှာဖြစ်ပြီး ဒီပွဲစဉ်က အသင်းအတွက် စိန်ခေါ်မှု ဖြစ်လာမှာဖြစ်သလို ခြေစမ်းပွဲတပွဲထက်ပိုတဲ့ ပွဲစဉ်လည်းဖြစ်ကြောင်း နည်းပြ ဖရန့်ခ်က ပြောပါတယ်။
အသင်းခေါင်းဆောင် ဆွန်ဟောင်မင်ရဲ့အနာဂတ်နဲ့ ပတ်သက်လို့ နည်းပြဖရန့်ခ်က တိတိကျကျဖြေကြားဖို့ ငြင်ဆန်ခဲ့ပြီး အသင်းနဲ့ လေ့ကျင့်နေတဲ့အတွက် ဝမ်းမြောက်မိကြောင်းနဲ့ လေ့ကျင့်ရေးကွင်းမှာလည်း အကောင်းဆုံး ခြေစွမ်းရရှိနေသူဖြစ်ကြောင်း ချီးကျူးသွားပါတယ်။
Photo:Reuters