
တိုက်စစ်မှူး ဗစ်တာယိုကရက်စ်နဲ့ အပြောင်းအရွှေ့ကိစ္စအပေါ် ဖြေကြားဖို့ နည်းပြအာတေတာက ငြင်းဆန်သွားပါတယ်။
အာဆင်နယ်ဟာ အာရှခြေစမ်းခရီးစဉ်အဖြစ် စင်ကာပူနိုင်ငံမှာရောက်ရှိ နေတာဖြစ်ပြီး ယိုကရက်စ်ရဲ့ အပြောင်းရွှေ့ကိစ္စအပေါ် နည်းပြအာတေတာက မဖြေကြားချင်ကြောင်း ပြောသွားခဲ့တာပါ။
အသင်းရဲ့ ကစားသမားစာရင်းမှာ မပါဝင်တဲ့ ဘယ်ကစားသမားမဆို မှတ်ချက် ပေးနိုင်မှာ မဟုတ်ကြောင်း၊ ကမ်းလှမ်းဖို့ အာရုံစိုက်ရမယ့်သူ ရှိလာရင်လည်း ခေါ်ယူဖို့ လုပ်ဆောင်သွားမှာ ဖြစ်ကြောင်း နည်းပြအာတေတာက ပြောပါတယ်။
အသင်းရဲ့လူစာရင်းက အားနည်းနေသေးလို့ အင်အားဖြည့်တင်းမှုတွေ လုပ်ဆောင်ဖို့ လိုအပ်ပြီး ကစားသမားသစ်ထပ်မံ ခေါ်ယူဖို ကြိုးပမ်းနေကြောင်း နည်းပြအာတေတာက ပြောသွားပါတယ်။
Photo:Reuters