
အာဆင်နယ်အသင်းဟာ တိုက်စစ်မှူး ယိုကရက်ရှ်အတွက် ပေါင် ၆၂ သန်းကျော်နဲ့ ခေါ်ယူဖို့ စပို့တင်းလစ္စဘွန်းအသင်းနဲ့ သဘောတူညီမှု ရရှိသွားပါတယ်။
ကနဦးမှာ နှစ်ဖက်အသင်းကြားမှာ ပြောင်းရွှေ့ကြေးပမာဏ ညှိနှိုင်းမရဖြစ်ခဲ့လို့ အပြောင်းအရွှေ့ ပျက်ပြယ်နိုင်ကြောင်း သတင်းထွက်ပေါ်လာခဲ့ပေမဲ့ အဆုံးသတ်မှာတော့ ပေါင် ၆၂ ဒသမ ၄ သန်းနဲ့ သဘောတူညီမှု ရခဲ့တာပါ။
အာဆင်နယ်ဟာ ဆွီဒင်တိုက်စစ်မှူးအတွက် ကနဦးပေါင် ၅၅ သန်းပေးချေရမှာဖြစ်ပြီး နောက်ထပ် ပေါင် ၇ ဒသမ ၄ သန်းက စွမ်းဆောင်ရည်အပေါ်မူတည်ပြီးပေးချေသွားရမှာပါ။
အသက် ၂၇ နှစ်ရှိ ဆွီဒင်တိုက်စစ်မှူးကို အာဆင်နယ်က ၅ နှစ်စာချုပ်ချုပ်ဆိုမှာ ဖြစ်ပြီး ရက်ပိုင်းအတွင်းမှာ အပြီးသတ်နိုင်ဖို့ လုပ်ဆောင်နေပါတယ်။
အာရှခြေစမ်းခရီးစဉ်မှာ ယိုကရက်ရှ်ကိုခေါ်ယူသွားဖို့ အာဆင်နယ်ဘက်ကစီစဉ်ထားပြီး စာချုပ်ချုပ်ဆိုပွဲကိုလည်း မကြာမီလုပ်ဆောင်သွားဖို့ရှိပါတယ်။
ယိုကရက်ရှ်ဟာ မနှစ်ကရာသီမှာ စပို့တင်းနဲ့ ပြိုင်ပွဲစုံ ၅၂ ပွဲမှာ ၅၄ ဂိုးအထိသွင်းယူနိုင်ခဲ့သူ ဖြစ်ပါတယ်။
Photo: Reuters