
အာဆင်နယ်အသင်းဆီ ပြောင်းရွှေ့တော့မယ့် ချဲလ်ဆီးတောင်ပံကစားသမား မာဒူအက်ကေဟာ ကလပ်ကမ္ဘာ့ချန်ပီယံ ဆုတံဆိပ်ကို လက်ခံရယူခြင်း မရှိခဲ့ဘူးလို့ သိရပါတယ်။
ချဲလ်ဆီးအသင်းက ပီအက်စ်ဂျီကို ၃ ဂိုးပြတ်နဲ့ အနိုင်ရပြီး ဆုဖလားကိုင်မြှောက်နေချိန်မှာ မာဒူအက်ကေက လန်ဒန်ဆီပြန်လည်ရောက်ရှိလာပြီး တေးဂီတပွဲတခုဆီ ရောက်ရှိနေခဲ့တာပါ။
အင်္ဂလန်တောင်ပံကစားသမားဟာ ကလပ်ကမ္ဘာ့ဖလားမှာ ချဲလ်ဆီးအတွက် ၅ ပွဲကစားခဲ့သူဖြစ်ပြီး ၂ ပွဲမှာပဲ ပွဲထွက်ကစားသမားစာရင်းမှာ ပါဝင်ခဲ့သူပါ။
မာဒူအက်ကေဟာ တနင်္လာနေ့က အာဆင်နယ်အသင်းနဲ့ ဆေးစစ်မှုခံယူခဲ့ပြီး မကြာခင် ရက်ပိုင်းအတွင်းမှာ အာဆင်နယ်နဲ့ ၅ နှစ်စာချုပ် ချုပ်ဆိုသွားမှာပါ။
ပရိသတ်တွေကတော့ မာဒူအက်ကေရဲ့ ချန်ပီယံဆုတံဆိပ်ကို ဆုချီးမြှင့်ခဲ့တဲ့ သမ္မတ ဒေါ်နယ်ထရမ့်ပ်က ရယူသွားကြောင်း ဆိုရှယ်မီဒီယာတွေမှာ နောက်ပြောင် ရေးသားခဲ့ကြပါတယ်။