
ကလပ်ကမ္ဘာ့ဖလား ဗိုလ်လုပွဲအပြီးမှာ ချဲလ်ဆီးနဲ့ ပီအက်စ်ဂျီအသင်းသားတွေ ရုန်းရင်းဆန်ခတ် ဖြစ်ပွားခဲ့ပါတယ်။
ဆုပေးပွဲမစတင်ခင်မှာ နှစ်ဖက်အသင်းသားတချို့ ရုန်းရင်းဆန်ခတ်ဖြစ်ခဲ့ပြီး ပီအက်စ်ဂျီနည်းပြ အင်းနရီကေး ကိုယ်တိုင် ပါဝင်ခဲ့တာပါ။
ဆုပေးပွဲမစခင် ချဲလ်ဆီးအသင်း အောင်ပွဲခံဖို့ စတင်လုပ်ဆောင်နေချိန် ကွင်းလယ်စက်ဝိုင်းဆီကို နှစ်ဖက်ကစာသမားနဲ့ နည်းပြတွေ ပြေးလွှားသွားခဲ့ပြီး ရုန်းရင်းဆန်ခတ် ဖြစ်ခဲ့တာပါ။
ရုပ်သံအနှေးပြကွက်တွေနဲ့ ဓာတ်ပုံတွေအရ ပီအက်စ်ဂျီနည်းပြ အင်းနရီကေးက ချဲလ်ဆီးတိုက်စစ်မှူး ပတ်ဒရိုရဲ့ လည်ပင်းကို လက်နဲ့ရိုက်ခဲ့ပြီး ဂိုးသမား ဒွန်နာရမ်မာကလည်း တွန်းထိုးခဲ့တာကြောင့် ပတ်ဒရို လဲကျသွားတာကို မြင်တွေ့ရပါတယ်။
ချဲလ်ဆီးနည်းပြ မာရက်စ်ကာဟာလည်း ပီအက်စ်ဂျီနည်းပြ အင်းနရစ်ကို တွန်းထိုးခဲ့ပြီး နှစ်ဖက် အသင်းသားတွေကြားမှာ အပြန်အလှန်တွန်းထိုးမှုတွေ ဖြစ်ခဲ့တာပါ။
နည်းပြအင်းနရီကေးအပေါ် ဝေဖန်မှုတွေရှိနေပြီး ဒီဖြစ်ရပ်အပေါ် ဖီဖာဘက်က အရေးယူမလားဆိုတာ ထုတ်ပြန်ခြင်း မရှိသေးပါဘူး။