
လတ်တလော ကျင်းပပြီးစီးသွားတဲ့ ကလပ်ကမ္ဘာ့ဖလားပြိုင်ပွဲဟာ အောင်မြင်မှုအရှိဆုံး ဘောလုံးပြိုင်ပွဲ ဖြစ်ကြောင်း ဖီဖာဥက္ကဋ္ဌ အင်ဖက်တီနိုက ပြောပါတယ်။
တချို့ပွဲစဉ်တွေမှာ ပရိသတ်နည်းပါးမှု၊ ပွဲအရေအတွက်များပြားမှုနဲ့ ရာသီဥတုအခြေအနေတွေနဲ့ ပတ်သက်လို့ ဘောလုံးကျွမ်းကျင်သူတွေဘက်က ဝေဖန်နေတာနဲ့ပတ်သက်လို့ အင်ဖက်တီနိုက ပြန်လည်တုံ့ပြန်ခဲ့တာပါ။
ကလပ်ကမ္ဘာ့ဖလားပြိုင်ပွဲက ကလပ်ဘောလုံးလောကရဲ့ တိုးတက်လာမှုစတင်တဲ့ ပြိုင်ပွဲဖြစ်ပြီး တပွဲကိုပျမ်းမျှ အမေရိကန်ဒေါ်လာ ၃၃ သန်း ဝင်ငွေရရှိတဲ့ပြိုင်ပွဲ ဖြစ်သလို ပြိုင်ပွဲတပွဲလုံးမှာ ကန်ဒေါ်လာ ၂ ဘီလီယံအထိ ဝင်ငွေရရှိတဲ့ ပြိုင်ပွဲဖြစ်တယ်လို့ အင်ဖက်တီနိုက ပြောပါတယ်။
ဒါ့အပြင် တပွဲပျမ်းမျှ ပရိသတ် ၄၀,၀၀၀ လောက်ရှိလို့ ပရီးမီးယားလိဂ်ပြိုင်ပွဲ ပြီးရင် ပရိသတ်ကြည့်ရှုမှု အများဆုံး ကလပ်အသင်းပြိုင်ပွဲဖြစ်ကြောင်း အင်ဖက်တီနိုက ပြောသွားပါတယ်။