
ကလပ်ကမ္ဘာ့ဖလားဗိုလ်လုပွဲမှာ ပီအက်စ်ဂျီအသင်းက ချန်ပီယံဖြစ်ဖို့ ပိုမိုရေပန်းစားနေတဲ့အပေါ် ဂရုစိုက်မှာမဟုတ်ကြောင်း ချဲလ်ဆီး နောက်ခံလူ ရိစ်ဂျိမ်းက ပြောသွားပါတယ်။
ဥရောပချန်ပီယံလိဂ်ချန်ပီယံ ပီအက်စ်ဂျီ အသင်းဟာ ကလပ်ကမ္ဘာ့ ဖလားမှာလည်း အကောင်းဆုံးစွမ်းဆောင်ရည် ဆက်လက်ပြသနေပြီး ဘိုင်ယန်မြူးနစ်နဲ့ ရီးရဲလ်မက်ဒရစ် တို့လိုအသင်းတွေကိုလည်း အသားစီးကစားပြီး အနိုင်ယူ ကျော်ဖြတ်ခဲ့တာပါ။
ပီအက်စ်ဂျီအသင်းက ဗိုလ်စွဲဖို့ ရေပန်းစားနေပေမဲ့ အဲဒီအချက်က ပွဲကို သက်ရောက်မှုရှိမှာ မဟုတ်သလို ဂရုစိုက်စရာလည်း မလိုအပ်ကြောင်း ရိစ်ဂျိမ်းကပြောပါတယ်။
ပီအက်စ်ဂျီအသင်းက လက်ရှိအချိန်မှာ အကောင်းဆုံး အသင်းဖြစ်နေသလို အင်္ဂလိပ် အသင်းအားလုံးကိုလည်း ကျော်ဖြတ်အနိုင်ယူထားတဲ့ အသင်းဖြစ်ပေမဲ့ ချဲလ်ဆီးအသင်းကလည်း လူတွေကို အံ့အားသင့်အောင် လုပ်ပြနိုင်စွမ်းရှိကြောင်း ရိစ်ဂျိမ်းက ပြောသွားပါတယ်။