
ချဲလ်ဆီးပရိသတ်တွေရဲ့ ဝေဖန်မှုတွေအပေါ် ကျေးဇူးတင်ကြောင်း အာဆင်နယ်ကစားသမားသစ် ဖြစ်လာတဲ့ နိုနီမာဒူအက်ကေက ပြောသွားပါတယ်။
အာဆင်နယ်အသင်းဆီ ပေါင် ၅၂ သန်းနဲ့ ပြောင်းရွှေ့ခဲ့ပြီးနောက် အသင်းဟောင်း ချဲလ်ဆီးကို နှုတ်ဆက်စာရေးသားရာမှာ ဝေဖန်တဲ့ သူတွေကို ကျေးဇူးတင်ကြောင်း မာဒူအက်ကေ က ထည့်သွင်းရေးသားခဲ့တာပါ။
ပြီးခဲ့တဲ့ ၃ နှစ်တာကာလမှာ ကူညီပေးခဲ့တဲ့ ချဲလ်ဆီးအသင်း တာဝန်ရှိသူတွေ အပါအဝင် အသင်းဖော်တွေ၊ ပရိသတ်တွေနဲ့ နည်းပြမာရက်စ်ကာအပေါ် ကျေးဇူးတင်ရှိကြောင်း၊ အားလုံးကို ချီးကျူးမှုတွေ၊ ချစ်ခြင်းမေတ္တာတွေနဲ့သာ အသင်းကနေ ထွက်ခွါလာခဲ့တာဖြစ်ကြောင်း မာဒူအက်ကေက ပြောပါတယ်။
နှုတ်ဆက်စာရဲ့ နောက်ဆုံးအပိုဒ်မှာတော့ ချဲလ်ဆီးပရိသတ်တိုင်းကို ကျေးဇူးတင်ရှိကြောင်း၊ ချစ်ခြင်းမေတ္တာနဲ့ ချီးကျူးမှုတွေအပြင် ဝေဖန်မှုတွေအတွက်ပါ ကျေးဇူးတင်ရှိကြောင်း မာဒူအက်ကေ ကပြောသွားခဲ့တာပါ။
မာဒူအက်ကေဟာ အသက်ငယ်ရွယ်သေးပေမဲ့ အတွေ့အကြုံရှိတဲ့ ကစားသမား ဖြစ်သလို စွမ်းအား အပြည့်နဲ့ စိတ်လူပ်ရှား စရာကောင်းတဲ့ လူငယ်ကစားသမားဖြစ်ကြောင်း နည်းပြအာတေတာ ကချီးကျူးပါတယ်။