Home
အားကစား
ပရီးမီးယားလိဂ်နှင့် ချန်ပီယံလိဂ်ဖလား ရယူရန် အဆင်သင့်ရှိဟု ချဲလ်ဆီးနောက်ခံလူပြော
DVB
·
July 15, 2025
Photo: REUTERS/Hannah Mckay

ချဲလ်ဆီးအသင်းအနေနဲ့ လာမယ့်ရာသီမှာ ပရီးမီးယားလိဂ်နဲ့ ချန်ပီယံလိဂ်ဆုဖလားတွေ ရယူဖို့ အဆင်သင့်ရှိနေတယ်ဆိုတာကို သက်သေပြသနိုင်ခဲ့ကြောင်း နောက်ခံလူ ကိုးလ်ဝဲလ်က ပြောပါတယ်။

ပီအက်စ်ဂျီအသင်းကို ၃ ဂိုး ဂိုးမရှိနဲ့အနိုင်ရပြီး ကလပ်ကမ္ဘာ့ဖလားချန်ပီယံဆုဖလားရယူ နိုင်ခဲ့ပြီးနောက် ဆုဖလားတွေထပ်မံရယူဖို့ အသင့်ရှိကြောင်း ကိုးလ်ဝဲလ်က ပြောသွားတာပါ။

ကလပ်ကမ္ဘာ့ဖလားပြိုင်ပွဲ စတင်ချိန်ကတည်းက ဆုဖလားရယူဖို့ ရည်မှန်းထားကြောင်းပြောဆိုမှု အပေါ် လူတွေက ဝေဖန်ခဲ့ကြောင်း၊ ကလပ်ကမ္ဘာ့ဖလားက ချန်ပီယံလိဂ်ပြိုင်ပွဲထက်ပိုပြီး ကြီးမားတဲ့ ပြိုင်ပွဲဖြစ်ကြောင်း ကိုးလ်ဝဲလ်ကပြောပါတယ်။

ချဲလ်ဆီးအသင်းအနေနဲ့ လာမယ့်ရာသီမှာ ပရီးမီးယားလိဂ်နဲ့ ချန်ပီယံလိဂ်ဆုဖလားတွေရယူနိုင်ဖို့ အဆင်သင့်ရှိနေပြီး ဆက်လက်စောင့်ကြည့်သွားရမယ်လို့ ကိုးလ်ဝဲလ်က ပြောသွားပါတယ်။

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013