Home
နိုင်ငံတကာ
နယူးကာဆယ်နှင့် ခြေစမ်းပွဲတွင် တိုက်စစ်မှူးသစ် ယိုကရက်စ်ကို အာဆင်နယ် မိတ်ဆက်
DVB
·
July 28, 2025
Photo: Reuters

နယူးကာဆယ်နဲ့ ခြေစမ်းပွဲမှာ တိုက်စစ်မှူးသစ် ဗစ်တာယိုကရက်စ်ကို အာဆင်နယ်အသင်းက ပွဲထုတ်ပြီး ပရိသတ်တွေနဲ့ မိတ်ဆက်ခဲ့ပါတယ်။

အာဆင်နယ်နဲ့ တရားဝင်စာချုပ် ချုပ်ဆိုပြီး ၂၄ နာရီ မပြည့်ခင်မှာပဲ အင်္ဂလန်ကနေ စင်ကာပူအထိ ရောက်လာခဲ့တဲ့ ယိုကရက်စ်ဟာ ကွင်းထဲက အာဆင်နယ်ပရိသတ်တွေကို လက်ပြနှုတ်ဆက်ပြီး အမှတ်တရဓာတ်ပုံတွေ ရိုက်ကူးခဲ့သလို ပရိသတ်တွေကိုလည်း လက်မှတ်ရေးထိုးပေးခဲ့ပါတယ်။

ယိုကရက်စ် အသင်းနဲ့ အမြန်ဆုံး ပူးပေါင်းလာတဲ့အပေါ် ဝမ်းမြောက်မိပြီး ပရိသတ်တွေရဲ့ ကြိုဆိုမှုကလည်း စိတ်လှုပ်ရှားစရာကောင်းကြောင်း နည်းပြအာတေတာက ပြောပါတယ်။

အာဆင်နယ်ဟာ ဇူလိုင် ၃၁ ရက်မှာ ဟောင်ကောင်မှာကစားမယ့် စပါးအသင်းနဲ့ ခြေစမ်းပွဲမှာ ယိုကရက်စ်ကို စတင်ကစားစေဖို့ ရှိပါတယ်။

မြောက်လန်ဒန်ကလပ်ဟာ အခုနှစ် အပြောင်းအရွှေ့မှာ ယိုကရက်စ် အပါအဝင် ကစားသမား ၆ ယောက်အတွက် ပေါင် ၂၀၄ သန်းအထိ အသုံးပြုပြီးဖြစ်ပါတယ်။

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024