
တနေ့တည်းခြေစမ်းပွဲ ၂ ပွဲကစားမယ့် စပါးအသင်းဟာ အသင်းလူစာရင်းကို ၂ သင်းစာခွဲ ထုတ်ပြီး ယှဉ်ပြိုင်ကစားသွားမှာပါ။
စပါးအသင်းဟာ ရာသီကြိုခြေစမ်းပွဲတွေအဖြစ် ဇူလိုင် ၂၆ ရက် တနေ့တည်းမှာပဲ လိဂ်ဝမ်းကလပ် ဝစ်ကမ်၊ ချန်ပီယံရှစ်ကလပ် လူတန်တောင်းအသင်းတွေနဲ့ ခြေစမ်းကစားမှာပါ။
ဝစ်ကမ်နဲ့ပွဲကို အသင်းလေ့ကျင့်ရေးကွင်းမှာ ကစားမှာဖြစ်ပြီး လူတန်နဲ့ ပွဲကိုတော့ လူတန် အိမ်ကွင်းမှာသွားရောက်ယှဉ်ပြိုင်ရမှာပါ။
တရက်တည်းကစားရမယ့် အဲဒီ ၂ ပွဲအတွက် အသင်းလူစာရင်းကို ၂ သင်းစာခွဲထုတ်ပြီး ကစားဖို့ နည်းပြ သောမက်စ်ဖရန့်ခ်က စီစဉ်ထားတာပါ။
ပထမဆုံး ကစားခဲ့တဲ့ ရက်ဒင်းနဲ့ ခြေစမ်းပွဲမှာတော့ ၂ ဂိုးပြတ်နဲ့ အနိုင်ရခဲ့ပြီး ကစားသမား ၂၂ ယောက်ကို အသုံးပြု သွားခဲ့တာပါ။
စပါးအသင်းဟာ အဲဒီခြေစမ်းပွဲ ၂ ပွဲအပြီး ၅ ရက်အကြာမှာ အာရှတိုက်ဆီ ခရီးနှင်ရမှာဖြစ်ပြီး ဟောင်ကောင်မှာ အာဆင်နယ်နဲ့ ခြေစမ်းကစားဦးမှာပါ။
အဲဒီနောက် သြဂုတ် ၁၄ရက်မှာ ကစားမယ့် ပီအက်စ်ဂျီနဲ့ ဥရောပ စူပါဖလားဗိုလ်လုပွဲမတိုင်ခင် နယူးကာဆယ်၊ ဘိုင်ယန်မြူးနစ် အသင်းတွေနဲ့လည်း ခြေစမ်းကစားသွားဖို့ စီစဉ်ထားပါတယ်။
Photo:Reuters