
စပါးအသင်းဟာ နော်တင်ဟမ်ဖောရက်စ် ကွင်းလယ်တိုက်စစ်ကစားသမား ဂစ်ဘ်ဝှိုက်ကို စာချုပ်ပါလျော်ကြေး ပေါင်သန်း ၆၀ ပေးပြီး ခေါ်ယူဖို့ သဘောတူညီမှု ရသွားပါတယ်။
ဝက်စ်ဟမ်းကွင်း လယ်တိုက်စစ်ကစားသမား ကူဒက်စ်ကို ပေါင် ၅၄ သန်း ကျော်နဲ့ခေါ်ယူပြီးနောက် ဂစ်ဘ်ဝှိုက်ကို ထပ်မံခေါ်ယူနိုင်ခဲ့တာပါ။
အင်္ဂလန်လက်ရွေးစင် အသင်းမှာ ပါဝင်တဲ့ ဝှိုက်ဟာ မနှစ်က နော်တင်ဟမ်နဲ့အတူ အကောင်းဆုံး ခြေစွမ်းပြသနိုင်ခဲ့ပြီး ပရီးမီးယားလိဂ်မှာ ၇ ဂိုးသွင်း ၈ ကြိမ်ဂိုးဖန်တီးနိုင်ခဲ့သူပါ။
စပါးအသင်းဟာ နည်းပြသစ် သောမက်စ်ဘရန့်ခ် လက်ထက်မှာ ကစားသမားအင်အားတောင့်တင်း ဖို့ ပြင်ဆင်နေပြီး လာမယ့်ရာသီမှာ ချန်ပီယံလိဂ်ပြိုင်ပွဲကစားခွင့်လည်း ရရှိထားပါတယ်။
Photo: Reuters