Home
အားကစား
အာဆင်နယ်အတွက် ဂိုးသွင်းရန် မစောင့်နိုင်တော့ဟု တိုက်စစ်မှူးသစ် ယိုကရက်စ်ပြော
DVB
·
July 27, 2025
Photo: REUTERS/Rodrigo Antunes

အာဆင်နယ်အတွက် ဂိုးသွင်းယူနိုင်ဖို့ မစောင့်နိုင်တော့ဘူးလို့ တိုက်စစ်မှူးသစ် ဗစ်တာယိုကရက်စ် က ပြောသွားပါတယ်။

အသက် ၂၇ နှစ်ရှိ ဆွီဒင်တိုက်စစ်မှူးကို အာဆင်နယ်အသင်းက ပေါင် ၆၄ သန်းနဲ့ ခေါ်ယူနိုင်ခဲ့တာဖြစ်ပြီး အသင်းရဲ့ဂန္ထဝင်တိုက်စစ်မှူး သီယာရီအွန်နရီ ဝတ်ဆင်ခဲ့တဲ့ ကျောနံပါတ် ၁၄ ဂျာစီကို ဝတ်ဆင်သွားမှာပါ။

အာဆင်နယ်လို ထိပ်တန်းအသင်းကြီးဆီ ပြောင်းရွှေ့ခွင့်ရလို့ ဝမ်းမြောက်မိပြီး အသင်းပရိသတ်တွေ ရှေ့မှောက်မှာ ဂိုးသွင်းယူနိုင်ဖို့ မစောင့်နိုင်တော့ကြောင်းနဲ့ အဲဒီလို ခံစားချက်က အံ့အားသင့်စရာကောင်းလိမ့်မယ်လို့ တိုက်စစ်မှူး ယိုကရက်စ်က ပြောပါတယ်။ 

နည်းပြအာတေတာကတော့ ဗစ်တာယိုကရက်စ်မှာ အရည်အချင်းများစွာရှိပြီး လျင်မြန်မှုရှိသလို တိုက်စစ်ပိုင်းမှာ တွန်းတွန်းတိုက်တိုက် ကစားနိုင်တဲ့ စွမ်းအားမြင့် ကစားသမားဖြစ်ကြောင်းလည်း ချီးကျူး သွားပါတယ်။

ယိုကရက်စ်ဟာ  စပိုတင်းနဲ့  ၂ ရာသီကာလအတွင်းမှာ ၁၀၂ ပွဲကစားပြီး ၉၇ ဂိုးအထိ သွင်းယူနိုင်ခဲ့သူ ဖြစ်ပါတယ်။

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024