
အာဆင်နယ်အသင်းရဲ့ဂန္ထဝင် ကျောနံပါတ် ၁၄ ကို ရွေးချယ်ဖြစ်ပုံကို တိုက်စစ်မှူး ဗစ်တာယိုကရက်စ် က ရှင်းလင်းပြောဆိုသွားပါတယ်။
အာဆင်နယ်အသင်းမှာ ကျောနံပါတ် ၁၄ ကို အသင်းရဲ့ဂန္ထဝင် တိုက်စစ်မှူး သီယာရီအွန်နရီက ဝတ်ဆင်ခဲ့တာဖြစ်ပြီး အသင်းသမိုင်းတလျှောက် ဂိုးအများဆုံး ကစားသမားအဖြစ် စံချိန်တင်ထားတာပါ။
ကျောနံပါတ် ၁၄ ရဲ့ သမိုင်းကို သိရှိပြီးသားဖြစ်တာကြောင့် ရွေးချယ်ခဲ့တာဖြစ်ပြီး တခြားကျောနံပါတ်တွေလည်း ရွေးချယ်စရာသိပ်မရှိတဲ့အခြေအနေမှာ ကျောနံပါတ် ၁၄ ကို ရွေးချယ်ဖို့က လွယ်ကူခဲ့ကြောင်း ယိုကရက်စ်က ပြောပါတယ်။
ယိုကရက်စ်ဟာ ဇူလိုင် ၃၁ ရက် မှာ စပါးအသင်းနဲ့ ဟောင်ကောင် ခြေစမ်းပွဲမှာ ပွဲဦးထွက်ကစားဖို့ ရှိပါတယ်။
ပရီးမီးယားလိဂ်အဖွင့် ပွဲစဉ်ဟာ စပို့တင်းနည်းပြဟောင်း ရူဘင်အာမိုရင်နဲ့ ပြန်လည်ရင်ဆိုင်ရမယ့် အပေါ် အဆင်သင့်ပြင်ဆင်ထားမှာဖြစ်ကြောင်းလည်း ယိုကရက်စ်က ပြောသွားပါတယ်။
Photo:Reuters