
တိုက်စစ်မှူး ယိုကရက်စ်ဟာ ပြိုင်ဘက်ကစားသမားတွေအတွက် ကြောက်စရာကောင်းတဲ့ ကစားသမားဖြစ်ကြောင်း နောက်ခံလူ ဆာလီဘာက ချီးကျူးသွားပါတယ်။
ဆာလီဘာဟာ မနှစ်က ချန်ပီယံလိဂ်ပြိုင်ပွဲမှာ စပို့တင်းအသင်းနဲ့ ယှဉ်ပြိုင်ကစားစဉ်က ယိုကရက်စ်နဲ့ ရင်ဆိုင်ခဲ့ဖူးပါတယ်။
ဗစ်တာယိုကရက်စ်က ဘယ်လောက်ကောင်းတဲ့ တိုက်စစ်မှူးလဲ ဆိုတာနဲ့ ဘယ်လောက်တောင် ကြောက်စရာကောင်းတဲ့ တိုက်စစ်မှူး ဖြစ်သလဲဆိုတာ သိရှိပြီး ဂိုးသွင်းကောင်းတဲ့ တိုက်စစ်မှူးတွေနဲ့ ရင်ဆိုင်ရချိန်မှာ အာရုံစူးစိုက်မှု အပြည့်ထားဖို့ လိုအပ်ကြောင်း ဆာလီဘာက ပြောပါတယ်။
လက်ရှိအချိန်မှာတော့ ယိုကရက်စ်က အသင်းဖော်ဖြစ်လာတဲ့အပေါ် ဝမ်းမြောက်မိပြီး သူဟာ အသင်းကို နိုင်ပွဲတွေနဲ့ ဆုဖလားတွေ ရယူနိုင်ဖို့အတွက် ကူညီပေးနိုင်မယ့်သူဖြစ်ကြောင်း ဆာလီဘာက ပြောသွားပါတယ်။
Photo:Reuters