
အာဆင်နယ်နဲ့ ပရီးမီးယားလိဂ် အဖွင့်ပွဲစဉ်မှာ ရလဒ်မကောင်းခဲ့ပေမဲ့ အသင်းသားတွေရဲ့ စွမ်းဆောင်ရည်အပေါ် ဂုဏ်ယူကြောင်း မန်ယူနည်းပြ ရူဘင်အာမိုရင်က ပြောသွားပါတယ်။
မန်ယူအသင်းဟာ အာဆင်နယ်ကို ၁ ဂိုး ဂိုးမရှိနဲ့ ရှုံးနိမ့်ခဲ့ပေမဲ့ ဂိုးပေါက်ကန်သွင်းချက် ၁၃ ကြိမ် ပိုများခဲ့ပြီး ဘောလုံးပိုင်ဆိုင်မှုအရလည်း ၆၁ ရာခိုင်နှုန်းအထိ ရှိခဲ့တာပါ။
ရလဒ်က ဂုဏ်ယူစရာမဟုတ်ပေမဲ့ စွမ်းဆောင်ရည်အပေါ် ဂုဏ်ယူကြောင်း၊ ကွဲပြားခြားနားတဲ့ ရလဒ်ရဖို့ ထိုက်တန်ပြီး လက်ရှိစွမ်းဆောင်ရည်အတိုင်း ရှေ့ဆက်သွားဖို့လိုကြောင်း နည်းပြအာမိုရင်က ပြောပါတယ်။
ကစားသမားသစ် ၂ ယောက်ဖြစ်တဲ့ ကူညာနဲ့ အမ်ဘူမိုတို့က အသင်းပရိသတ်တွေရဲ့ အသံကို မြှင့်တင်နိုင်ခဲ့ပြီး အရေးကြီးအရာက အရင်ကလို ပျင်းရိငြီးငွေ့စရာခြေစွမ်း မဟုတ်တော့တာ ဖြစ်ကြောင်း နည်းပြအာမိုရင်က ပြောသွားပါတယ်။