
အာဆင်နယ်နဲ့ ပရီးမီးယားလိဂ်ပွဲစဉ် ၁ မှာ တိုက်စစ်မှူးသစ် ဘင်ဂျမင်ရှက်စ်ကို ပါဝင်ကစားဖို့ အသင့်ရှိ ကြောင်း မန်ယူနည်းပြ ရူဘင်အာမိုရင်က ပြောပါတယ်။
ယူနိုက်တက်ဟာ ပြီးခဲ့တဲ့ တပတ်ကမှ ဆလိုဗေးနီးယားတိုက် စစ်မှူး ရှက်စ်ကို ကို ပေါင် ၇၄ သန်းနဲ့ လိုက်ပ်ဇစ်ကနေ ခေါ်ယူခဲ့တာပါ။
အသင်းနဲ့ လေ့ကျင့်ချိန် အများကြီး မရှိသေးပေမဲ့ ရှက်စ်ကိုဟာ ပွဲကစားဖို့ အသင့်ရှိပြီး သူ့ရဲ့ ကြံ့ခိုင်မှုဟာလည်း ပရီးမီးယားလိဂ်မှာ ကစားဖို့ အဆင်သင့်အနေအထားဖြစ်ကြောင်း နည်းပြ အာမိုရင်က ပြောပါတယ်။
ရှက်စ်ကိုဟာ ခန္ဓာကိုယ်ကြံ့ခိုင်ဖို့ အတွက် အကောင်းဆုံး ပြင်ဆင်ထားသူဖြစ်ပြီး အာဆင်နယ်နဲ့ ပွဲထွက် လူစာရင်းမှာပါဝင်မလားမသိပေမဲ့ အသင်းလူစာရင်းမှာပါဝင်ဖိုတော့ သေချာကြောင်း နည်းပြအာမိုရင်က ပြောသွားပါတယ်။
Photo:Reuters