
ဒီမနက် အစောပိုင်းက ကစားခဲ့တဲ့ အင်္ဂလန် ပရီးမီးယားလိဂ်ရာသီ အဖွင့်ပွဲစဉ်မှာ လက်ရှိချန်ပီယံ လီဗူးအသင်းက ဘုန်းမောက်အသင်းကို ၄ ဂိုး ၂ ဂိုးနဲ့ အနိုင်ရသွားပါတယ်။
လီဗာပူးအတွက်ဂိုးတွေကိုတော့ ဖရန့်ဖက်ကနေ ပြောင်းလာတဲ့ ကစားသမားသစ် အက်ကီတီကီ က ပွဲချိန် ပထမပိုင်း ၃၇ မိနစ်မှာ အဖွင့်ဂိုးသွင်းပေးခဲ့သလို ဂက်ပိုရဲ့ ပွဲကစားချိန် ၄၉ မိနစ်မှာ သွင်းခဲ့တဲ့ ဒုတိယ ဦးဆောင်ဂိုးကိုလည်း ဖန်တီးပေးခဲ့တာပါ။
ဒါပေမဲ့ ဘုန်းမောက်တိုက်စစ်မှူး ဆမ်မမ်ညိုက ပွဲကစားချိန် ၆၄ မိနစ်နဲ့ ၇၆ မိနစ်မှာ ချေပဂိုးသွင်းခဲ့တဲ့အတွက် နှစ်ဂိုးစီသရေကျနေခဲ့ပါတယ်။
အဲဒီနောက်ပွဲပြီးခါနီး ၈၈ မိနစ်မှာ လီဗာပူး တိုက်စစ်မှူး ချီဆာက ဦးဆောင်ဂိုးပြန်သွင်းခဲ့ပြီး နာကျင်အချိန်ပိုမှာတော့ ဝါရင့်တိုက်စစ်မှူ မိုဟာမက် ဆာလာက အပိတ်ဂိုးသွင်းခဲ့တဲ့အတွက် လီဗာပူးက ၄ ဂိုး ၂ ဂိုးနဲ့ အနိုင်ရသွားပါတယ်။
ကားမတော်တဆမှုကြောင့် ကွန်လွန်သွားတဲ့ လီဗာပူးတိုက်စစ်ကစားသမား ဒီယေဂိုဂျိုတာနဲ့ ညီဖြစ်သူ အန်ဒရီတိုအတွက် ပွဲမစခင်မှာ ဝမ်းနည်းခြင်း အထိမ်းအမှတ် ပြုလုပ်ခဲ့ကြပါတယ်။
အင်္ဂလန် ပရိးမီးယားလိဂ်ပွဲစဉ် ၁ အဖြစ် ဒီနေ့ ညနေ မြန်မာစံတော်ချိန် ၆ နာရီမှာ အက်စတွန်ဗီလာနဲ့ နယူးကာဆယ်တို့ ကစားဖို့ရှိနေပြီး ညပိုင်းမှာ စပါးအသင်းနဲ့ ဘန်လေအသင်း၊ ဝုလ်ဗ်နဲ့ မန်စီးတီးတို့ ကစားမယ့်ပွဲတွေလည်း ရှိနေပါတယ်။
မနက်ဖြန်မှာတော့ ပွဲကောင်းတပွဲအဖြစ် အစဉ်အလာပြိုင်ဘက် မန်ချက်စတာယူနိုက်တက်နဲ့ အာဆင်နယ်အသင်းတို့ မန်ချက်စတာယူနိုက်တက်ရဲ့ အိမ်ကွင်း အိုးထရက်ဖို့ထ်မှာ ကစား ဖို့ရှိနေပါတယ်။
Photo: Reuters