
တိုက်စစ်မှူး အီဆက်ခ်ဟာ လီဗာပူးအသင်းဆီ ပြောင်းရွှေ့ခွင့်ပြုဖို့ အတွက် နယူးကာဆယ်အသင်းကို အတင်းအကျပ် ဖိအားပေးထားတယ်လို့ သိရပါတယ်။
နယူးကာဆယ်အသင်းဟာ အီဆက်ခ်အတွက် လီဗာပူးရဲ့ ပေါင်သန်း ၁၁၀ နဲ့ ကမ်းလှမ်းချက်ကို ပယ်ချခဲ့ပြီး အသင်းမှာ ဆက်ထိန်းဖို့ ဆန္ဒရှိနေတာပါ။
လက်ရှိအချိန်အထိ အသင်းနဲ့ ပူးပေါင်းခြင်းမရှိသေးတဲ့ အီဆက်ခ်ကတော့ အသင်းကနေ ထွက်ခွါ ခွင့်ပြုဖို့ အတင်းအကျပ် ဖိအားပေးနေပြီး အသင်းပြောင်းရွှေ့ခွင့်မပြုဘူးဆိုရင် အသင်း အတွက်ကစားပေးမှာ မဟုတ်ကြောင်း သတိပေးထားတယ်လို့ The Athletic သတင်းမှာဖော်ပြ ပါတယ်။
အသက် ၂၅ နှစ်ရှိ ဆွီဒင်တိုက်စစ်မှူးဟာ မနှစ်က ပြိုင်ပွဲစုံ ၄၂ ပွဲမှာ ၂၇ ဂိုးသွင်းခဲ့သူ ဖြစ်ပါတယ်။
Photo : Reuters