
လီဗာပူးအသင်းဟာ ခရစ္စတယ်ပဲလေ့နောက်ခံလူ မက်ဂေဟီကို ခေါ်ယူနိုင်ဖို့ ဆွေးနွေးနေပါတယ်။
လူငယ်နောက်ခံလူ ကွမ်ဆက်ရှ်ကို လီဗာကူဆင်အသင်းဆီ ရောင်းချခဲ့ပြီးနောက် လီဗာပူးအသင်းမှာ စီနီယာ ဗဟိုနောက်ခံလူ ၃ ယောက်သာ ကျန်ရှိတော့တာပါ။
ခြေစမ်းပွဲစဉ်တွေမှာ အန်ဒိုနဲ့ ရရာဗန်ဘက်ချ် တို့ကို ဗဟိုခံစစ်နေရာမှာ အသုံးပြုခဲ့ရတဲ့ လီဗာပူးအသင်းဟာ ဂေဟီကို ခေါ်ယူဖို့ ထပ်မံဆွေးနွေးလာခဲ့တာပါ။
လီဗာပူးနဲ့ ပဲလေ့တို့ဟာ ကွန်မြုနတီ ဒိုင်းဖလားမှာ တွေ့ဆုံနေပြီး အဲဒီပွဲစဉ်အပြီးမှာ ခေါ်ယူသွားဖို့ လီဗာပူးအသင်းက စီစဉ်ထားတာပါ။
ပဲလေ့ဘက်ကလဲ စပို့တင်းလစ္စဘွန်းနောက်ခလူ ဒီယွန်မန်ဒီကို ခေါ်ယူဖို့ ကြိုတင်ချိတ်ဆက်ထားတာကြောင့် ဂေဟီကို သတ်မှတ်ဈေး ဖြစ်တဲ့ ပေါင် ၄၅ သန်းခန့် ရမယ်ဆိုရင် ရောင်းထုတ်သွားဖို့ရှိနေပါတယ်။
လီဗာပူးဟာ အီဆက်ခ်ကိုလည်း ပေါင်သန်း ၁၁၀ နဲ့ ကမ်းလှမ်းထားပြီး ဂေဟီကိုပါ ခေါ်ယူနိုင်မယ်ဆိုရင် အပြောင်းအရွှေ့စရိတ် ပေါင်သိန်း ၄၀၀ ကျော်သွားမှာဖြစ်ပါတယ်။