
လာမယ့်ရာသီမှာ လီဗာပူးအသင်း ချန်ပီယံထပ်ဖြစ်ဖို့ ရေပန်းစားနေတာက မထူးဆန်းကြောင်း နည်းပြအာနဲစလော့က ပြောသွားပါတယ်။
လီဗာပူးအသင်းဟာ လက်ရှိချန်ပီယံဖြစ်တဲ့အပြင် ကစားသမားကောင်းတွေကို ပေါင်သန်း ၃၀၀ နီးပါးအသုံးပြုပြီး ခေါ်ယူထားတာကြောင့် ချန်ပီယံထပ်ဖြစ်ဖို့ ရေပန်းစားနေတာပါ။
ချန်ပီယံဖြစ်ဖို့ ရေပန်းစားတာက သာမန်ဖြစ်ရိုးဖြစ်စဉ်သာဖြစ်ပြီး လက်ရှိချန်ပီယံ ဖြစ်တဲ့အပြင် တခြားအသင်းတွေလိုပဲ ကစားသမားကောင်းတွေလည်း ဝယ်ယူထားတာကြောင့် ဖြစ်ကြောင်း နည်းပြ စလော့ကပြောပါတယ်။
လီဗာပူးအသင်းဟာ တိုက်စစ်မှူး နူညက်ဇ်ကို ရောင်းချပြီး နယူးကာဆယ်တိုက်စစ်မှူး အီဆတ်ခ်ကို ဗြိတိန်စံချိန်တင်ပြောင်းရွှေ့ကြေးနဲ့ ခေါ်ယူဖို့လည်း ကြိုးပမ်းနေပါတယ်။