Home
အားကစား
တိုက်စစ်မှူး အီဆက်ခ်ကို စံချိန်တင် ပြောင်းရွှေ့ကြေးဖြင့် ထပ်မံကမ်းလှမ်းရန် လီဗာပူး စီစဉ်
DVB
·
August 3, 2025
Photo: Action Images via Reuters/Lee Smith

လီဗာပူးအသင်းဟာ နယူးကာဆယ်တိုက်စစ်မှူး အီဆက်ခ်အတွင် ဒုတိယအကြိမ် ကမ်းလှမ်းသွားဖို့ စီစဉ်နေပါတယ်။

အစောပိုင်းသတင်းတွေအရ ပေါင်သန်း ၁၁၀ နဲ့ ပထမအကြိမ် ကမ်းလှမ်းမှု အပေါ် နယူးကာဆယ် ဘက်က ပယ်ချခဲ့ပြီးနောက် ကမ်းလှမ်းမှု ဆက်လက် လုပ်ဆောင်တော့မှာမဟုတ်ဘူးလို့ သတင်းထွက်ခဲ့ပါသေးတယ်။

လက်ရှိအချိန်မှာတော့ အီဆက်ခ်ကို ခေါ်ယူနိုင်ရေး ဆက်လက်ကြိုးပမ်းဖို့ ဆုံးဖြတ်လိုက်ပြီး ဗြိတိန် စံချိန်တင်ပြောင်းရွှေ့ကြေးတရပ်နဲ့ ဒုတိယအကြိမ် ကမ်းလှမ်းဖို့ ပြင်ဆင်လာခဲ့တာပါ။

နယူးကာဆယ်ဘက်ကတော့ အီဆက်ခ်ရဲ့နေရာမှာ အစားထိုးနိုင်မယ့် တိုက်စစ်မှူး ခေါ်ယူနိုင်မယ်ဆိုရင် ကစားသမားရဲ့ဆန္ဒအတိုင်း ထွက်ခွာခွင့်ပြုဖို့ ရှိပါတယ်။

လက်ရှိအချိန်မှာ လိုက်ပ်ဇစ် တိုက်စစ်မှူး ဆက်စ်ကိုနဲ့ ဘရန့်ဖိုဒ်တိုက်စစ်မှူး ဝစ်ဆာတို့ကို နယူးကာဆယ်က ချိတ်ဆက်နေပါတယ်။

တဖက်မှာလည်း လီဗာပူးအသင်းက အီဆက်ခ်ကို ခေါ်ယူနိုင်ဖို့ တိုက်စစ်မှူး နူညက်ဇ်ကို ရောင်းချဖို့ ဆုံးဖြတ်ထားတာပါ။

နူညက်ဇ်ကို အေစီမီလန်က ခေါ်ယူဖို့ နီးစပ်နေပြီး လီဗာပူးနဲ့ ပြောင်းရွှေ့ကြေး ညှိနှိုင်းနေတယ်လို့ သိရပါတယ်။

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013