
နယူးကာဆယ်တိုက်စစ်မှူး အီဆက်ခ်ဟာ အသင်းဟောင်း ဆိုစီဒက်အသင်းမှာ တယောက်တည်း လေ့ကျင့်နေတယ်လို့ သိရပါတယ်။
ဆွီဒင်တိုက်စစ်မှူးဟာ လီဗာပူးအသင်းနဲ့ အပြောင်းအရွှေ့သတင်း ထွက်ပေါ်နေသူဖြစ်ပြီး နယူးကာဆယ်က ဆက်ထိန်းဖို့ ဆန္ဒရှိနေတာပါ။
အီဆက်ခ်ဘက်ကတော့ လီဗာပူးဆီ ပြောင်းရွှေ့လိုနေပြီး ပေါင်ခြံဒဏ်ရာအကြောင်းပြပြီး အသင်းရဲ့ အာရှခြေစမ်းခရီးစဉ်မှာလည်း လိုက်ပါလာခြင်းမရှိတာ ဖြစ်ပါတယ်။
နယူးကာဆယ်အသင်းဘက်ကတော့ အဲဒီအခြေအနေအပေါ် မှတ်ချက်ပေးဖို့ ငြင်းဆန်ခဲ့ပြီး အီဆက်ခ်ဟာ အသင်းရဲ့ ကစားသမားတယောက်ဖြစ်ပြီး စာချုပ်သက်တမ်းလည်း ကျန်ရှိနေသူဖြစ်ကြောင်း နည်းပြအက်ဒီဟောင်းက ပြောပါတယ်။
ဒါ့အပြင် အီဆက်ခ်အတွက် ဘယ်အသင်းကမှ တရားဝင်ကမ်းလှမ်းတာလည်း မရှိသေးကြောင်း နည်းပြ အက်ဒီဟောင်းက ပြောထားပါတယ်။