
နယူးကာဆယ်အသင်းဟာ ဆောက်သမ်တန်ဂိုးသမား အာရွန်ရမ်စ်ဒေးကို ခေါ်ယူဖို့ ဆွေးနွေးနေပါတယ်။
အာဆင်နယ်ဂိုးသမားဟောင်းဟာ ဆောက်သမ်တန်အသင်းနဲ့အတူ တန်းဆင်းခဲ့ရပြီးနောက် ပရီးမီးယားလိဂ်မှာ ပြန်လည်ကစားခွင့်ရဖို့ ရှိလာခဲ့တာပါ။
နယူးကာဆယ်အသင်းဟာ နံပါတ်တစ်ဂိုးသမား နစ်ပုတ်နဲ့ အပြိုင်ဖြစ်လာနိုင်မယ့် ဂိုးသမားတယောက် ခေါ်ယူဖို့ ဆန္ဒရှိနေတာဖြစ်ပြီး ရမ်စ်ဒေးကိုခေါ်ယူဖို့ ဆွေးနွေးလာခဲ့တာပါ။
ရမ်စ်ဒေးဟာ အာဆင်နယ်မှာ လက်စွမ်းကောင်း ပြသနိုင်ခဲ့သူဖြစ်ပေမဲ့ စပိန်ဂိုးသမား ရေယာ ရောက်ရှိလာမှုနဲ့အတူ အရန်ဂိုးသမားဖြစ်သွားပြီးနောက် မနှစ်က ဆောက်သမ်တန်အသင်းဆီ ပေါင် ၁၈ သန်းနဲ့ ပြောင်းရွှေ့သွားခဲ့သူပါ။
နယူးကာဆယ်အသင်းဟာ လက်ရှိအချိန်မှာ ကစားသမားဖြစ်သူနဲ့ သဘောတူညီမှု ရရှိထားပြီး ဆောက်သမ်တန်နဲ့ ပြောင်းရွှေ့ကြေး ညှိနှိုင်းနေတာ ဖြစ်ပါတယ်။