Home
အားကစား
လုပ်ခ ၂ ဆကျော်တိုးပေးရန် နယူးကာဆယ်တိုက်စစ်မှူး အီဆက်ခ်တောင်းဆို
DVB
·
July 24, 2025
Photo :Reuters

စာချုပ်သစ်မှာ လုပ်ခ ၂ ဆကျော် တိုးမြှင့်ရရှိဖို့ တိုက်စစ်မှူး အီဆက်ခ်က နယူးကာဆယ်အသင်းကို တောင်းဆိုထားပါတယ်။ 

အီဆက်ခ်ဟာ မနှစ်က ပြိုင်ပွဲစုံမှာ ၂၇ ဂိုးအထိသွင်းယူခဲ့သူဖြစ်ပြီး တိုးတက်လာတဲ့ စွမ်း ဆောင်ရည်ကြောင့် ဥရောပထိပ်သီးအသင်းတွေက အလိုရှိနေတာပါ။

ပြီးခဲ့တဲ့တပတ်ကပဲ လီဗာပူး အသင်းဘက်က ပေါင်သန်း ၁၀၀ ကျော်နဲ့ ကမ်းလှမ်းခဲ့ပေမဲ့ နယူးကာဆယ်အသင်းက ပယ်ချခဲ့တာပါ။

အီဆက်ခ်ရဲ့ ကိုယ်စားလှယ်တွေဟာ နယူးကာဆယ်ကို စာချုပ်သစ်ပြန်ချုပ်ဖို့ တိုက်တွန်းထာပြီး လုပ်ခ ပမာဏကိုလည်း တပတ်ကို ပေါင် ၃ သိန်းအထိ ပေးချေဖို့ တောင်းဆိုထားပါတယ်။

ဆွီဒင်တိုက်စစ်မှူးဟာ တပတ်လုပ်ခ ပေါင် ၁၂၀,၀၀၀ သာရရှိနေပြီး  စာချုပ်သစ်နဲ့အတူ ပေါင် ၃၀၀,၀၀၀ အထိ တိုးမြှင့်ရရှိဖို တောင်းဆိုခဲ့တာဖြစ်ကြောင်း Talk Sport သတင်းမှာ ဖော်ပြပါတယ်။

 Photo:Reuters

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013