
တိုက်စစ်မှူး အီဆက်ခ်အနေနဲ့ အသင်းမှာဆက်ရှိဖို့ မျှော်လင့်ကြောင်း နယူးကာဆယ်နည်းပြ အက်ဒီဟောင်းက ပြောသွားပါတယ်။
ဆွီဒင်တိုက်စစ်မှူးကို လီဗာပူးအသင်းက ဗြိတိန်စံချိန်တင်ပြောင်းရွှေ့ကြေးနဲ့ ခေါ်ယူဖို့ ပစ်မှတ်ထားနေတာပါ။
အီဆက်ခ်ဟာ ဆဲလ်တစ်အသင်းကို ၄ ဂိုး ဂိုးမရှိနဲ့ ရှုံးနိမ့်ခဲ့တဲ့ ခြေစမ်းပွဲမှာလည်း ပါဝင်ခဲ့ခြင်း မရှိပါဘူး။
နည်းပြ အက်ဒီဟောင်းကတော့ အီဆက်ခ် မပါဝင်တာက အပြောင်းအရွှေ့သတင်းတွေ ထွက်ပေါ်နေတာကြောင့်ဖြစ်ပြီး အသင်းမှာဆက်ရှိဖို့ မျှော်လင့်ကြောင်း နည်းပြအက်ဒီဟောင်းက ပြောပါတယ်။
နယူးကာဆယ်အသင်းဟာ ဂျာမန်ကလပ် ဖရန့်ဖတ် လူငယ်တိုက်စစ်မှူး အစ်ကီတီကို ကိုလည်း ပေါင်သန်း ၇၀ နဲ့ ခေါ်ယူဖို့ တရားဝင် ကမ်းလှမ်းထားတာကြောင့် အီဆက်ခ်ရဲ့အနာဂတ်က မရေမရာဖြစ်လာကြောင်း ခန့်မှန်းသုံးသပ်မှုတွေ ရှိလာခဲ့တာဖြစ်ပါတယ်။