
တိုက်စစ်မှူး အီဆက်ခ်ကိုခေါ်ယူဖို့ တရားဝင်ကမ်းလှမ်းတဲ့အသင်းမရှိသေးကြောင်း နယူးကာဆယ် နည်းပြ အက်ဒ်ဟောင်းက ပြောသွားပါတယ်။
အာရှခြေစမ်းခရီးစဉ်အတွင်း အီဆက်ခ်ရဲ့ အပြောင်းအရွှေ့အပေါ်မီဒီယာတွေကမေးမြန်းခဲ့ရာမှာ တရားဝင်ကမ်းလှမ်းတဲ့အသင်းမရှိကြောင်း နည်းပြဟောင်းက ပြောခဲ့တာပါ။
ဆွီဒင်တိုက်စစ်မှူး အီဆက်ခ်ဟာ လီဗာပူးအသင်းဆီ ပြောင်းရွှေ့လိုနေပြီး လီဗာပူး ဘက်ကလည်း ခေါ်ယူဖို့ လုပ်ဆောင်နေကြောင်း သတင်းထွက်ပေါ်နေတာပါ။
တရားဝင်ကမ်းလှမ်း မရရှိသေးသည့်တိုင် အီဆက်ခ်ကို အသင်းမှာ ဆက်ရှိစေချင်ပြီး ကစားသမားတယောက်ရဲ့ အနာဂတ်ကို နည်းပြတယောက်က အပြည့်အ၀ ထိန်းချုပ်နိုင်စွမ်းတော့မရှိကြောင်း အက်ဒီဟောင်းက ပြောပါတယ်။
တဖက်မှာလည်း အီဆက်ခ်ကို လက်လွှတ်ရမယ်ဆိုရင် ဘရန့်ဖို့ဒ်က ဝစ်ဆာ၊ လိုက်ပ်ဇစ်က ရှက်ကိုစ် တို့လို အစားထိုးနိုင်မယ့် တိုက်စစ်မှူးတွေကို နယူးကာဆယ်အသင်းက ကြိုတင်ချိတ်ဆက်နေ ပါတယ်။
Photo:Reuters