
နယူးကာဆယ်အသင်းဟာ တိုက်စစ်မှူး အီဆက်ခ်နေရာအတွက် လိုက်ပ်ဇစ်တိုက်စစ်မှူး ရှက်စ်ကို ကို မန်ယူအသင်းနဲ့ အပြိုင်ခေါ်ယူသွားဖို့ ကြိုးပမ်းနေပါတယ်။
ဆွီဒင်တိုက်စစ်မှူးကို လီဗာပူးအသင်းက ခေါ်ယူဖို့ ချိတ်ဆက်နေပြီး ကစားသမားဖြစ်သူ ကိုယ်တိုင်ကလည်း အသင်းပြောင်းရွှေ့ခွင့်တောင်းဆို ထားတာကြောင့် အစားထိုးနိုင်မယ့် တိုက်စစ်မှူးသစ်အဖြစ် ရှက်စ်ကို ကို ပစ်မှတ်ထားလာခဲ့တာပါ။
မန်ယူအသင်းကလည်း တခြားတိုက်စစ်မှူးပစ်မှတ်တွေကို လွဲချော်ခဲ့ပြီးနောက် လိုက်ပ်ဇစ်က ဆလိုဗေးနီးယား တိုက်စစ်မှူးကို ပစ်မှတ်ထားလာခဲ့တာပါ။
နယူးကာဆယ်အသင်းဟာ ရှက်စ်ကို ကို မန်ယူအသင်းက လက်ဦးမှု ရယူသွားမှာကိုစိုးရိမ်နေပြီး အလျင်အမြန် ကမ်းလှမ်းဖို့ ပြင်ဆင်နေတယ်လို့ သိရပါတယ်။
တခြားပစ်မှတ်တိုက်စစ်မှူးတွေအဖြစ် ဘရန့်ဖို့ဒ်က ဝစ်ဆာ၊ ဖူလ်ဟမ်က မူနက်ဇ်နဲ့ ဗီလာက အိုလီဝက်စ်ကင်တို့ကို လျာထားတယ်လို့ သိရပါတယ်။
Photo:Reuters