
မန်ယူအသင်းဟာ တိုက်စစ်မှူး ဟွိုက်လန်းကို ပေါင်သန်း ၃၀ လောက်နဲ့ ဈေးလျှော့ပြီး ရောင်းချသွားဖို့ ပြင်ဆင်နေပါတယ်။
ယူနိုက်တက်ဟာ မနှစ်က ၄၄ ဂိုးပဲရခဲ့တဲ့ တိုက်စစ်ပိုင်းကို အလုံးစုံပြုပြင်ပြောင်းလဲသွားမှာဖြစ်ပြီး အထောင်တိုက်စစ်မှူးနေရာအတွက် လိုက်ပ်ဇစ်တိုက်စစ်မှူး ဘင်ဂျမင် ဆက်စ်ကို ကိုခေါ်ယူဖို့ ပစ်မှတ်ထားနေတာပါ။
ဆက်စ်ကို ကို ခေါ်ယူဖို့ဆိုရင် အသင်းရှိ တိုက်စစ်မှူးတယောက်ကို ပြန်လည်ရောင်းထုတ်သွားရမှာ ဖြစ်လို့ ဟွိုက်လန်းကို ရတဲ့ဈေးတဲ့ရောင်းချဖို့ ပြင်ဆင်နေတာပါ။
မန်ယူအသင်းဟာ ပြီးခဲ့တဲ့ ၂ နှစ်ကပဲ ဟွိက်လန်းကို ပေါင် ၇၂ သန်းပေးချေပြီး ခေါ်ယူခဲ့တာဖြစ်လို့ ထက်ဝက်လောက် အရှုံးပေါ်သွားတော့မှာပါ။
ဟွိုက်လန်း ကိုခေါ်ယူဖို့ အီတလီထိပ်တန်းကလပ်တွေက ချိတ်ဆက်နေသလို လိုက်ပ်ဇစ်အသင်းကလည်း ဆက်စ်ကို ကိုလက်လွှတ်ရမယ်ဆိုရင် အစားထိုးနိုင်ဖို ဟွိက်လန်းကို ပစ်မှတ်ထားနေပါတယ်။