
မန်ယူတောင်ပံကစားသမား ဂျေဒန်ဆန်ချိုဟာ ဒေါ့မွန်အသင်းဆီ ပြောင်းရွှေ့ဖို့ ဆန္ဒရှိနေပြီး လုပ်ခတဝက်လျှော့ယူမယ့်အကြောင်း အသင်းဟောင်းကို ပြောထားတယ်လို့ သိရပါတယ်။
မနှစ်က ချဲလ်ဆီးအသင်းမှာ စွမ်းဆောင်ရည်ကောင်း ပြသနိုင်ခဲ့တဲ့ ဆန်ချိုကို မန်ယူအသင်းက ရောင်းချဖို့ ဆုံးဖြတ်ထားပေမဲ့ ဆန်ချိုဘက်က အသင်းသစ်ရှာမရသေးတာပါ။
လက်ရှိအချိန်မှာတော့ အသင်းဟောင်း ဒေါ့မွန်ဆီ ပြန်သွားဖို့ ဆန္ဒရှိနေပြီး မန်ယူအသင်းမှာရရှိနေတဲ့ လုပ်ခရဲ့ ထက်ဝက်လောက်သာ ရယူသွားမယ့်အကြောင်း အသိပေးထားတယ်လို့ ဂျာမန်သတင်းတွေမှာ ဖော်ပြပါတယ်။
ဆန်ချိုဟာ မန်ယူမှာ တပတ်လုပ်ခ ပေါင် ၂၇၅,၀၀၀ ရရှိနေပြီး တနှစ်ကို ပေါင် ၁၄ သန်း ရရှိနေတာပါ။
ဒေါ့မွန်အသင်းအနေနဲ့ အဲဒီလုပ်ခရဲ့ ထက်ဝက်ခန့်သာပေးပြီး ခေါ်ယူဖို့ အသင်းဟောင်းကို အသိပေးထားတာ ဖြစ်ပါတယ်။