
ဂျာမန်ကလပ် ဒေါ့မွန်အသင်းဟာ မန်ယူမှာ အဆင်မပြေဖြစ်နေတဲ့ တောင်ပံကစားသမား ဂျေဒန်ဆန်ချိုကို တတိယအကြိမ်မြောက် ပြန်လည်ခေါ်ယူဖို့ ကြိုးပမ်းနေပါတယ်။
ဆန်ချိုဟာ မနှစ်က ချဲလ်ဆီးအသင်းဆီ အငှားထွက်ကစားခဲ့ရာမှာ စွမ်းဆောင်ရည်ကောင်း ပြသနိုင်ခဲ့ပေမဲ့ မန်ယူအသင်းဆီ ပြန်လည်စေလွှတ်ခံခဲ့ရသူပါ။
လက်ရှိအချိန်မှာ မန်ယူအသင်းနဲ့လည်း လေ့ကျင့်ခွင့်မရတဲ့ ဆန်ချိုဟာ တယောက်တည်း လေ့ကျင့်ခန်းတွေသာ ပြုလုပ်နေရပြီး အသင်းသစ်ရှာဖွေနေတာပါ။
ဒေါ့မွန်ဟာ ဆန်ချိုနဲ့ မန်ယူအသင်းရဲ့ အခြေအနေကို စောင့်ကြည့်နေပြီး သင့်တော်တဲ့ ကမ်းလှမ်းမှုတခုနဲ့အတူ တတိယအကြိမ်မြောက် ခေါ်ယူသွားဖို့ စီစဉ်ထားတာပါ။
ဒေါ့မွန်အသင်းဟာ ဆန်ချိုကို ၂၀၁၇ ခုနှစ်က မန်စီးတီးကနေ ခေါ်ယူခဲ့တာဖြစ်ပြီး ၂၀၂၃ ခုနှစ်မှာ အငှားစာချုပ်နဲ့ ဒုတိယအကြိမ် ခေါ်ယူခဲ့သလို လက်ရှိအချိန်မှာ တတိယအကြိမ်မြောက် ခေါ်ယူသွားဖို့ ပြင်ဆင်နေတာ ဖြစ်ပါတယ်။
Photo:Reuters