
ဂျာမနီကလပ် လိုက်ပ်ဇစ်အသင်းရဲ့ တိုက်စစ်မှူး ဆက်စ်ကိုရဲ့ အပြောင်းအရွှေ့အတွက် ကမ်းလှမ်းဖို့ ပြင်ဆင်ထားတယ်လို့ မန်ချက်စတာယူနိုက်တက်အသင်းက လိုက်ပ်ဇစ်ကို အကြောင်းကြားလိုက်ပါတယ်။
ကစားသမားဘက်က သဘောတူရင် အပြောင်းအရွှေ့ ကမ်းလှမ်းချက်ကိုပို့ဖို့ မန်ယူအသင်းက ပြင်ဆင်ထားပြီးပြီလို့ အားကစားသတင်းထောက် ဖာဘရီဇို ရိုမာနိုက သူ့လူမှုကွန်ရက်မှာ ဖော်ပြထားပါတယ်။
ဆက်စ်ကိုကို နယူးကာဆယ်အသင်းကလည်း စိတ်ဝင်စားနေပေမဲ့ တရားဝင်ကမ်းလှမ်းတာတော့ မရှိသေးပါဘူး။
တဖက်မှာလည်း မန်ယူအသင်းရဲ့ တိုက်စစ်မှူး ဟွိုက်လန်းက ဆက်စ်ကိုရဲ့ အပြောင်းအရွှေ့မှာ မန်ယူ ပါဝင်လာတဲ့အပေါ် မစိုးရိမ်ဘူးလို့ ပြောပါတယ်။
သူ့အနေနဲ့ ပြိုင်ဆိုင်ရမှာကို နှစ်သက်ပြီး ကြောက်လန့်တာမျိုး မရှိဘူးလို့ ဆိုပါတယ်။ သူ့အသက်က ၂၂ နှစ်ပဲ ရှိသေးပြီး အသင်းမှာ နေရာရဖို့ ယှဉ်ပြိုင်ဖို့ အဆင်သင့်ပဲလို့ ဆိုပါတယ်။