
အကောင်းဆုံးအသင်းအဖြစ် တည်ဆောက်မယ့် စီမံကိန်းကြောင့် မန်ယူနိုက်တက်အသင်းကို ရွေးချယ်ခဲ့တာလို့ ကစားသမားသစ် အမ်ဘူမိုက ပြောကြားလိုက်ပါတယ်။
ကင်မရွန်းကစားသမားဟာ မန်ယူအသင်းနဲ့အတူ အမေရိကန်ခြေစမ်းခရီးစဉ်မှာ ပူးပေါင်း လေ့ကျင့်နေပြီး ဇူလိုင် ၃၁ ရက်မှာကစားမယ့် ဘုန်းမောက်နဲ့ ခြေစမ်းပွဲမှာ ပွဲဦးထွက်ကစားဖို့ ရှိပါတယ်။
မန်ယူအသင်းဆီမပြောင်းရွှေ့ခင်မှာ တခြားအသင်းတွေနဲ့ ဆွေးနွေးမှုတွေရှိခဲ့သလို တခြားနည်းပြတွေနဲ့လည်း စကားပြောဆိုခဲ့ကြောင်း အမ်ဘူမိုက ပြောပါတယ်။
မန်ယူအသင်းနည်းပြ ရူဘင်အာမိုရင်နဲ့ ဆွေးနွေးမှုမှာတော့ စိတ်လှုပ်ရှားစရာကောင်းခဲ့ပြီး အကောင်းဆုံးအသင်းအဖြစ် တည်ဆောက်မယ့် စီမံကိန်းကို သဘောကျတာကြောင့် ယူနိုက်တက်ကို ရွေးချယ်ခဲ့တာဖြစ်ကြောင်း အမ်ဘူမိုက ပြောပါတယ်။
ဒါ့အပြင် နိုင်ငံအသင်းဖော် ဂိုးသမား အိုနားနားနဲ့လည်း တိုင်ပင်ဖြစ်ခဲ့ပြီး အသင်းဆီပြောင်းရွှေ့လာဖို့ အိုနားနားက တိုက်တွန်းခဲ့ကြောင်း အမ်ဘူမိုက ပြောသွားပါတယ်။
Photo:Reuters