
လီဗာပူးတိုက်စစ်မှူး ဒါဝင်နူးညက်ဇ်ဟာ ဆော်ဒီကလပ် အယ်လ်ဟီလယ်ကို ပြောင်းရွှေ့ဖို့ သဘောတူလိုက်ပြီလို့ sky sport က ဖော်ပြပါတယ်။
အင်တာမီလန်နည်းပြဟောင်း အင်ဇာဂီ ကိုင်တွယ်နေတဲ့ အယ်လ်ဟီလယ်အသင်းဟာ ဒါဝင်နူးညက်ဇ်ရဲ့ အပြောင်းအရွှေ့အတွက် လီဗာပူးအသင်းနဲ့ မနေ့ကတည်းက သဘောတူညီမှု ရထားတာဖြစ်ပြီး အခုတော့ ကစားသမားကပါ အပြောင်းအရွှေ့အတွက် မီးစိမ်းပြလိုက်တာပါ။
တိုက်စစ်မှူးရဲ့ ပြောင်းရွှေ့ကြေးအဖြစ် လီဗာပူးအသင်းက စတာလင်ပေါင် ၅၆ ဒသမ ၆ သန်း ရမှာဖြစ်ပါတယ်။
အယ်လ်ဟီလယ်ဟာ ဒါဝင်နူးညက်ဇ်ကို ၂၀၂၈ အထိ သက်တမ်းရှိတဲ့ စာချုပ် ချုပ်ဆိုမှာဖြစ်ပါတယ်။
အသက် ၂၆ နှစ်အရွယ် ဥရုဂွေးတိုက်စစ်မှူးဟာ လီဗာပူးအသင်းအတွက် ၉၅ ပွဲကစားပြီး ၂၅ ဂိုး သွင်းယူထားနိုင်ပါတယ်။