
ပရီးမီးယားလိဂ်ချန်ပီယံ လီဗာပူးဟာ ဆဲလ်ဖို့ဒ်အသင်းက ၁၇ နှစ်အရွယ် တိုက်စစ်မှူး ဝီရိုက်ကို ခေါ်ဖို့ သဘောတူညီမှု ရသွားပြီဖြစ်ပါတယ်။
လီဗာပူးဟာ ရိုက်ကို ပြောင်းရွှေ့ကြေး စတာလင်ပေါင် ၂၀၀,၀၀၀ နဲ့ အပိုဆုကြေးပေးပြီး ခေါ်ခဲ့တာပါ။
ရိုက်ကို အာဆင်နယ်က ခေါ်ယူဖို့ ကြိုးစားနေခဲ့တာဖြစ်ပြီး ပြီးခဲ့တဲ့ ၁၀ ရက်က ဆဲလ်ဖို့ဒ်နဲ့ အာဆင်နယ်ကြား သဘောတူညီချက် ရထားပြီးပါပြီ။ ဒါပေမဲ့ လီဗာပူးက ကြားထဲက ဖြတ်လုသွားတာ ဖြစ်ပါတယ်။
လီဗာပူးဟာ ရိုက်ကို ဆေးစစ်ပြီးရင် ၂၀၂၈ အထိ သက်တမ်းရှိမယ့်စာချုပ် ချုပ်ဆိုမှာ ဖြစ်ပါတယ်။
ရိုက်ဟာ အရည်အသွေးရှိ လူငယ်တိုက်စစ်မှူးဖြစ်ပြီး ပြီးခဲ့တဲ့ ဇန်နဝါရီလက မန်ချက်စတာစီးတီးနဲ့ ပွဲမှာ ဆဲလ်ဖို့ဒ်အတွက် ပွဲထွက်ခွင့် စရထားသူ ဖြစ်ပါတယ်။ သူဟာ လီဗာပူးအသင်းမှာ အသက် ၂၁ နှစ်အောက် အသင်းနဲ့ ပူးပေါင်းရမှာ ဖြစ်ပါတယ်။
Photo:Reuters