
လီဗာပူးအသင်းဟာ တောင်ပံကစားသမား လူးဝစ်ဒီယက်ဇ်ကို ပေါင် ၆၅ သန်းခွဲနဲ့ ဘိုင်ယန်မြူးနစ်ဆီ ရောင်းချဖို့ သဘောတူလိုက်ပါတယ်။
အာရှခြေစမ်းခရီးစဉ်အဖြစ် ဂျပန်နိုင်ငံမှာ ရောက်ရှိနေတဲ့ လီဗာပူးအသင်းဟာ ဒီယက်ဇ်ကို ဘိုင်ယန်မြူးနစ်ဆီ ပြောင်းရွှေ့ဖို့ ခွင့်ပြုခဲ့ပြီး အသင်းကနေ ထွက်ခွာခွင့် ပေးခဲ့ပါတယ်။
ဘိုင်ယန်အသင်းဟာ ဒီယက်ဇ်အတွက် ဒုတိယအကြိမ် ကမ်းလှမ်းမှုမှာ သဘောတူညီမှု ရရှိခဲ့တာဖြစ်ပြီး မကြာခင် တရားဝင် သတင်းထုတ်ပြန်တော့မှာပါ။
ဒီယက်ဇ်ကို ရောင်းချခဲ့တဲ့အတွက် နယူးကာဆယ်တိုက်စစ်မှူး အီဆက်ခ်ကို ခေါ်ယူရေး ကြိုးပမ်းမှုမှာ ပိုမိုအာရုံစိုက် လုပ်ဆောင်ဖို့ လီဗာပူးအသင်းက ပြင်ဆင်ထားပါတယ်။
နည်းပြ အာနဲစလော့ ကိုယ်တိုင်ကလည်း နူညက်ဇ် ဒဏ်ရာရရှိနေပြီး တိုက်စစ်မှူးသစ် အစ်ကီတီကီကလည်း အဆင်သင့်မဖြစ်ချိန်မှာ တိုက်စစ်မှူးတယောက် လိုအပ်ကြောင်း ထုတ်ဖော်ပြောကြားထားပါတယ်။