
လီဗာပူးအသင်းဟာ ဘွန်ဒက်စ်လီဂါကလပ် ဖရန့်ဖတ်အသင်းရဲ့ လူငယ်တိုက်စစ်မှူး ဟူဂိုအစ်ကီ တီကီကိုပေါင် ၈၆ သန်းနဲ့ ခေါ်ဖို့ ကြိုးပမ်းနေပါတယ်။
လီဗာပူးအသင်းဟာ အသင်းတိုက်စစ်ပိုင်းက ဒါဝင်နူညက်ဇ်နဲ့ လူးဝစ်ဒီယက်ဇ်တို့ရဲ့ အနာဂတ် မရေမရာဖြစ်လာချိန်မှာ နောက်ထပ် တိုက်စစ်ကစားသမားခေါ်ယူဖို့ ကြိုတင်ပြင်ဆင်လာခဲ့တာပါ။
အသက် ၂၃ နှစ်ရှိ ပြင်သစ်ယူ ၂၁ လက်ရွေးစင် တိုက်စစ်မှူးဟာ မနှစ်ကရာသီက ဖရန့်ဖတ်အတွက် ဂျာမန်လိဂ်သွင်းဂိုး ၁၅ ဂိုးသွင်းခဲ့ပြီး ၈ ကြိမ် ဂိုးဖန်တီးပေးခဲ့သူပါ။
နယူးကာဆယ်အသင်းကလည်း ပေါင်သန်း ၇၀ ခန့်နဲ့ ကမ်းလှမ်းထားပြီး လီဗာပူးအသင်းက လက်ဦးမှုရယူဖို့ ကြိုးပမ်းလာခဲ့တာ ဖြစ်ပါတယ်။
အစ်ကီတီကီဟာ လီဗာပူး အသင်းဆီပြောင်းရွှေဖို့ ခေါင်းညိတ်ထားပြီး ကလပ် အသင်း ၂ သင်းကြား ပြောင်းရွှေ့ကြေးညှိနှိုင်းဖို့သာ ကျန်ရှိတော့တယ်လို့ သိရပါတယ်။
Photo:Reuters