
တောင်ပံကစားသမား လူးဝစ်ဒီယက်ဇ်ကို ခေါ်ယူဖို့အတွက် ဂျာမန်ချန်ပီယံ ဘိုင်ယန်မြူးနစ်အသင်းရဲ့ စတာလင်ပေါင် ၅၈ သန်းခွဲနဲ့ ကမ်းလှမ်းချက်ကို လီဗာပူးအသင်းက ငြင်းပယ်လိုက်တယ်လို့ Sky sport သတင်းမှာ ဖော်ပြပါတယ်။
ပရီးမီးယားလိဂ် ချန်ပီယံ လီဗာပူးအသင်းက သူ့တောင်ပံကစားသမားကို မရောင်းဘူးလို့ ဘိုင်ယန်ကို ဒီလအစောပိုင်းက အကြောင်းပြန်ခဲ့ပါတယ်။ လီဗာပူးက ဒီယက်ဇ်ရဲ့တန်ဖိုးကို ပေါင် ၈၆ သန်းကျော် သတ်မှတ်ထားတာပါ။
ဘိုင်ယန်မြူးနစ်ဘက်ကတော့ ဒီယက်ဇ်က သူတို့ဆီ ပြောင်းချင်နေတယ်လို့ ယုံကြည်နေပြီး နောက်ထပ် ကမ်းလှမ်းမှုအသစ်လုပ်ဖို့ ပြင်ဆင်နေပါတယ်။
အသက် ၂၈ နှစ်အရွယ် ဘယ်တောင်ပံကစားသမား လူးဝစ်ဒီယက်ဇ်ဟာ ၂၀၂၂ ခုနှစ်မှာ ပေါ်တိုကနေ လီဗာပူးကို ပြောင်းရွှေ့လာခဲ့ပြီး လီဗာပူးအတွက် ၁၀၃ ပွဲကစားခဲ့တာမှာ ၂၉ ဂိုး သွင်းယူထားပါတယ်။