Home
အားကစား
လီဗာပူး၏ ကစားသမားအပြောင်းအရွှေ့ အသုံးစရိတ် ပေါင်သန်း ၃၀၀ နီးပါးရှိလာ
DVB
·
July 25, 2025
Photo :Reuters

ဖရန့်ဖတ်တိုက်စစ်မှူး အက်ကီတီကီ ကို ခေါ်ယူခဲ့တဲ့ လီဗာပူးအသင်းဟာ အပြောင်းအရွှေ့အသုံး စရိတ် ပေါင်သန်း ၃၀၀ နီးပါးရှိလာခဲ့ပါတယ်။

လီဗာပူးအသင်းဟာ ပြင်သစ်လူငယ်လက်ရွေးစင် ဟူဂိုအစ်ကီတီကီ အတွက် ပေါင် ၇၉ သန်းအထိ အသုံးပြုခဲ့ရပြီး ဂျာမန်ကွင်းလယ်လူ ဖလော်ရီယန်ဗက်ဇ်အတွက်လည်း ပေါင် ၁၁၆ သန်းအထိ စံချိန်တင်အသုံးပြုခဲ့ရတာပါ။

ဒါ့အပြင် ဖရင်ပေါင်၊ ကာကတ်ဇ်နဲ့ ဂိုးသမားသစ် မာမာဒက်ရှ်ဗီလီ တို့အတွက်လည်း ပေါင်သန်း ၁၀၀ ခန့်အသုံးပြုခဲ့ပြီးဖြစ်လို့ လက်ရှိအချိန်အထိ ကစားသမားသစ် ၅ ယောက် အတွက် ပေါင်သန်း ၂၉၀ အသုံးပြုထားတာပါ။

သီယာရီ အွန်နရီလက်သစ်လို့ ညွှန်းဆိုကြတဲ့တိုက်စစ်မှူးသစ် အစ်ကီတီကီကို လီဗာပူးက ၆ နှစ်စာချုပ် ချုပ်ဆိုခဲ့ပါတယ်။ အသက် ၂၃ နှစ်ရှိ ပြင်သစ်တိုက်စစ်မှူးဟာ  မနှစ်က ဖရန့်ဖတ်အတွက် ၂၂ ဂိုးသွင်းခဲ့ပါတယ်။

Photo:Reuters

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013