
လီဗာပူးလို ထိပ်တန်းအသင်းတသင်းမှာ ဖိအားအမြဲတမ်းရှိကြောင်း နည်းပြ အာနဲစလော့က ဝန်ခံပြောသွားပါတယ်။
ရာသီအဖွင့် ကွန်မြူနတီဒိုင်း ဗိုလ်လုပွဲမှာ ခရစ္စတယ်ပဲလေ့ကို ပင်နယ်တီအဆုံးအဖြတ်မှာ ရှုံးနိမ့်ခဲ့ပြီး လီဗာပူးလိုအသင်းမှာ ဖိအားအမြဲတမ်းရှိကြောင်း နည်းပြ စလော့က ဝန်ခံခဲ့တာပါ။
လီဗာပူးအသင်း ဖြစ်တာကြောင့် ကစားသမား ၁၀ ယောက် ခေါ်ယူသည်ဖြစ်စေ၊ တယောက်မှ ခေါ်ယူခြင်း မရှိသည်ဖြစ်စေ ဖိအားအမြဲတမ်းရှိကြောင်း၊ ကွန်မြူနတီဒိုင်းမှာ ရှုံးပွဲတွေ့ခဲ့တဲ့အပေါ် စိတ်ပျက်မိကြောင်း နည်းပြအာနဲစလော့က ပြောပါတယ်။
တိုက်စစ်ပိုင်း ကစားပုံဟာ မနှစ်ကရာသီကထက် ပိုကောင်းလာပေမဲ့ ခံစစ်ပိုင်းမှာတော့ ပိုကောင်းဖို့ လိုအပ်နေသေးကြောင်း နည်းပြအာနဲ စလော့က ပြောသွားပါတယ်။