
ပရီးမီးယားလိဂ်ပွဲစဉ်တချို့ကို တခြားနိုင်ငံမှာ ကျင်းပဖို့ အစီအစဉ်မရှိကြောင်း လိဂ်စီအီးအို ရစ်ချက် မာစတာက ပြောသွားပါတယ်။
စပိန်လာလီဂါနဲ့ အီတလီစီးရီးအေပွဲစဉ်တချို့ကို အမေရိကန်နဲ့ သြစတြေးလျနိုင်ငံတွေမှာကျင်းပဖို့ စီစဉ်နေပေမဲ့ ပရီးမီးယားလိဂ်ပွဲစဉ်တွေကိုတော့ ကျင်းပဖို့ အစီအစဉ် မရှိကြောင်း အတည်ပြုခဲ့တာပါ။
ပြီးခဲ့တဲ့နှစ်တွေအတွင်းမှာ အီတလီနဲ့ စပိန်စူပါဖလား ဗိုလ်လုပွဲစဉ်တွေကို တခြားနိုင်ငံတွေမှာ ကျင်းပခဲ့ဖူးပါတယ်။
လိဂ်ပြိုင်ပွဲတွေကိုတော့ သက်ဆိုင်ရာ နိုင်ငံမှာပဲကျင်းပခွင့်ရှိတာဖြစ်ပေမဲ့ ဖီဖာရဲ့စည်းမျဉ်းကို ပြုပြင်ပြောင်းလဲသွားဖို့ အီတလီနဲ့ စပိန်လိဂ် တာဝန်ရှိသူတွေက ကြိုးပမ်းလာကြတာပါ။
ပရီးမီးယားလိဂ်မှာ အမေရိကန်နိုင်ငံသားပိုင်တဲ့အသင်းက ၁၁ သင်းအထိရှိနေပြီး အမေရိကန်မှာ ပွဲစဉ်တချို့ကျင်းပဖို့ ဆန္ဒရှိသူတွေလည်း ရှိနေတာပါ။
ဒါပေမဲ့ စည်းမျဉ်းတခုကို ပြုပြင်ပြောင်းလဲဖို့က အသင်း ၁၄ သင်းရဲ့ ထောက်ခံမှု လိုအပ်တာကြောင့် လတ်တလောမှာတော့ ပရီးမီးယားလိဂ်ပွဲစဉ်တချို့ကို တခြားနိုင်ငံမှာကျင်းပဖို့ မဖြစ်နိုင်သေးဘူးလို့ ဆိုရမှာ ဖြစ်ပါတယ်။
Photo:Reuters