Home
အားကစား
ချဲလ်ဆီးအသင်း ပရီးမီးယားလိဂ်ဆုဖလား စိန်ခေါ်နိုင်ဦးမည်မဟုတ်ဟု ကာရေဂါ သုံးသပ်
DVB
·
August 8, 2025
Photo: Reuters

ချဲလ်ဆီးအသင်းအနေနဲ့ လာမယ့် ပရီးမီးယားလိဂ်မှာ ချန်ပီယံဆုဖလားကို စိန်ခေါ်နိုင်မှာ မဟုတ်ကြောင်း အင်္ဂလန်နောက်ခံလူဟောင်း ကာရေဂါက ပြောပါတယ်။

ချဲလ်ဆီးအသင်းဟာ အခုနှစ် ကလပ်ကမ္ဘာ့ဖလားမှာ ပီအက်စ်ဂျီကို အနိုင်ယူပြီး ချန်ပီယံဆုဖလား ရယူနိုင်ခဲ့ပြီးနောက် ပရီးမီးယားလိဂ်ဆုဖလား စိန်ခေါ်နိုင်မယ့်အသင်းအဖြစ် ချီးကျူးမှုတွေ ရှိခဲ့တာပါ။

လီဗာပူးဂန္ထဝင် ကာရေဂါကတော့ ချဲလ်ဆီးက ကလပ်ကမ္ဘာ့ချန်ပီယံ ဖြစ်ခဲ့တာကို ချီးကျူးစရာ ဖြစ်ပေမဲ့ ပရီးမီးယားလိဂ် ချန်ပီယံဆုအတွက်တော့ နီးစပ်မှုရှိမှာမဟုတ်ကြောင်း မှတ်ချက်ပေးခဲ့တာပါ။

ပြီးခဲ့တဲ့နှစ်တွေအတွင်းမှာ ချဲလ်ဆီးအသင်းက ကစားသမား အပြောင်းအလဲ အများကြီး လုပ်ဆောင်ခဲ့ပြီး ပါလ်မာလို ကစားသမားက အသင်းကို နောက်တဆင့်မြှင့်တင်နိုင်တာ မှန်ပေမဲ့ တခြားကစားသမားတွေက အသင်းကို ပြောင်းလဲပေးနိုင်ခြင်းမရှိကြောင်း ကာရေဂါက ပြောပါတယ်။

ဥပမာအနေနဲ့ မာဒူအက်ကေလို ကစားသမား ထွက်ခွာချိန်မှာ ဒေါ့မွန်အသင်းက ဂစ်တန်စ်လို ကစားသမားနဲ့ အစားထိုးခဲ့တာက အသင်းကို အဆင့်မြှင့်တင်နိုင်မှာ မဟုတ်ကြောင်း ကာရေဂါက ထောက်ပြသွားခဲ့ပါတယ်။

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013