
အဲဗာတန်အသင်းဟာ ချဲလ်ဆီးကွင်းလယ်လူ ဒူးစ်ဘူရီဟောကို ပေါင် ၂၈ သန်းနဲ့ ခေါ်ယူဖို့ သဘောတူညီမှု ရသွားပါတယ်။
၂၀၂၄ ခုနှစ်ကမှ လက်စတာကနေ ပြောင်းရွှေ့လာတဲ့ ဒူးစ်ဘူရီဟောဟာ ချဲလ်ဆီးအသင်းမှာ ပွဲထွက်ခွင့် နည်းပါးခဲ့ပြီးနောက် အဲဗာတန်အသင်းဆီ ပြောင်းရွှေ့ဖို့ ဆုံးဖြတ်ခဲ့တာပါ။
အသက် ၂၆ နှစ်ရှိ အင်္ဂလန်ကစားသမားအတွက် အဲဗာတန်အသင်းက ကနဦး ပေါင် ၂၄ သန်း ပေးချေမှာဖြစ်ပြီး စွမ်းဆောင်ရည်အပေါ်မူတည်ပြီး နောက်ထပ် ပေါင် ၃ ဒသမ ၄ သန်း ပေးချေသွားရမှာ ဖြစ်ပါတယ်။
ဒူးစ်ဘူရီဟောဟာ ကစားသမားဘဝကို လက်စတာအသင်းနဲ့ စတင်ခဲ့ပြီး ၂၀၂၃-၂၀၂၄ ရာသီက လက်စတာအသင်း ပရီးမီးယားလိဂ်ဆီ တန်းတက်ခွင့်ရရှိခဲ့ရမှာ သွင်းဂိုးနဲ့ ဂိုးဖန်တီးမှု စုစုပေါင်း ၂၇ ကြိမ်အထိ ပြုလုပ်နိုင်ခဲ့သူ ဖြစ်ပါတယ်။
Photo:Reuters